အင်္ဂလန်လက်ရွေးစင်ဖြစ်ရန် ထိုက်တန်မှု ရှိ၊ မရှိ ရာသီကုန် ဆုံးဖြတ်ပေးလိမ့်မည်ဟု ဘမ်းဖို့ဒ်ပြော

အင်္ဂလန်လက်ရွေးစင်အသင်းမှာပါဝင်ဖို့ ထိုက်တန်သလားဆိုတာ ရာသီကုန်ဆုံးချိန်ရောက်မှ ဆုံးဖြတ်လိမ့်မယ်လို့ လိဒ်ယူနိုက်တက် တိုက်စစ်မှူး   ဘမ်းဖို့ဒ်က ပြောပါတယ်။  ဘမ်းဖို့ဒ်ဟာ အခုနှစ် ပရီးမီးယားလိဂ် ၆ ပွဲမှာ ၆ ဂိုးသွင်းယူထားပြီး အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ ဟက်ထရစ်သုံးဂိုး သွင်းယူနိုင်ခဲ့တာပါ။  အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရမယ်ဆိုရင် အိပ်မက်တွေ အမှန်တကယ်ဖြစ်လာသလို ခံစားရမှာဖြစ်ပြီး ၆ ပွဲမှာ ၆ ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့တာက အရေးပါလိမ့်မယ်လို့ ဘမ်းဖို့ဒ်ကပြောပါတယ်။  ရာသီကုန်အထိ လက်ရှိခြေစွမ်းကို ဆက်ထိန်းပြီး ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာခဲ့ရင်တော့ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရဖို့ ထိုက်တန်မူရှိသလားဆိုတာ ဆက်ပြီး ဆွေးနွေးသွားရမယ်လို့ ဘမ်းဖို့ဒ်ကပြောပါတယ်။  အသက် ၂၇ နှစ်ရှိ ဘမ်းဖို့ဒ်ဟာ အိုင်ယာလန်လက်ရွေးစင်အတွက်လည်း ကိုယ်စားပြုကစားခွင့် ရှိနေတယ်လို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up