ညောင်ရွှေမြို့ တောင်ဘက်တွင် မြေငလျင်လှုပ်
DVB
·
October 29, 2020
ရှမ်းပြည်နယ် ညောင်ရွှေမြို့ တောင်ဘက်မှာ ဒီနေ့ နေ့လယ် ၁ နာရီကျော်က အင်အား ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မြန်မာစံတော်ချိန် ၁၃ နာရီ၊ ၁၁ မိနစ်၊ ၃၈ စက္ကန့်အချိန်က ညောင်ရွှေမြို့ရဲ့ တောင်ဘက် ၁၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၄၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၉၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
Photo Credit- မိုးဇလဌာန