ရုရှားတွင် တရက်တည်း လူနာ ၃၄၆ ဦးသေဆုံး၊ ကိုဗစ်စည်းကမ်း ပိုမိုတင်းကြပ်

ရုရှားနိုင်ငံတလွှား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားရေး ပိုတင်းကြပ်တဲ့ လုပ်ဆောင်ချက်တွေကို အောက်တိုဘာ ၂၈ ရက်က စပြီး အသက်သွင်းလိုက်ပါတယ်။  အများပြည်သူနဲ့ဆိုင်ရာ နေရာတချို့မှာ လူတိုင်း ပါးစပ်နှာခေါင်းစည်းတွေ မဖြစ်မနေ ဝတ်ဆင်ဖို့နဲ့ ဒေသန္တရ အာဏာပိုင်တွေအနေနဲ့ ဘားတွေ၊ စားသောက်ဆိုင်တွေ ညဘက် မဖွင့်ဘဲ ညမထွက်ရ အမိန့်ထုတ်ရေး စဉ်းစားဖို့ စားသုံးသူ ကျန်းမာရေး အာဏာပိုင်အဖွဲ့က ပြောထားပါတယ်။ လူထူတဲ့နေရာတွေ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွေ၊ အငှားယာဉ်တွေ ဓာတ်လှေကားတွေနဲ့ ယာဉ်ရပ်နားစခန်းတွေမှာ ပါးစပ်နှာခေါင်းစည်းတွေ မဖြစ်မနေ ဝတ်ခိုင်းဖို့လည်း ဒေသန္တရ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။ မြို့တော် မော်စကိုနဲ့ တခြား မြို့ကြီးတွေမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် အတွင်း မဖြစ်မနေ ပါးစပ်နှာခေါင်းစည်းဝတ်ဖို့ အမိန့်ထုတ်ထား ပြီးသားပါ။ မော်စကို မြို့ခံတွေကတော့ ဒီစည်းကမ်းကို ကြိုဆိုခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ရုရှနိုင်ငံမှာ ဗုဒ္ဓဟူး တရက်တည်း ၂၄ နာရီအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၁၆၂၀၀ ကျော်နဲ့ သေဆုံးသူ ၃၄၆ ယောက် ရှိခဲ့ပါတယ်။ ဒါကြောင့် လူဦးရေ ၁၄၅ သန်း နေထိုင်တဲ့ ရုရှားမှာ စုစုပေါင်း ကူးစက်ခံ အတည်ပြုလူနာ ၁ သန်း ၅ သိန်း ၆ သောင်းကျော် ရှိပြီး ကမ္ဘာစတုတ္ထကူးစက်မှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up