ဘားအံနှင့် ငါးသိုင်းချောင်းတွင် မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်
DVB
·
July 29, 2013
သံလွင်မြစ်ရေဟာ ကရင်ပြည်နယ် ဘားအံမြို့မှာ ဒီနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်အရ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁၀၇ စင်တီမီတာ (၃-ပေခွဲခန့်) ကျော်လွန်နေတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါမြစ်ရေဟာ ဒီနေ့မွန်းတည့်ကနေ နောက် ၄၈ နာရီအတွင်း ၆၀ စင်တီမီတာ (၂-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။
င၀န်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ ဒီနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာ ချက်အရ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁၇ စင်တီမီတာ ပေ၀က်လောက် ကျော်လွန်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ မြစ်ရေဟာ ဒီနေ့မွန်းတည့်ကနေ နောက် ၄၈ နာရီအတွင်း ၃၀ စင်တီမီတာ (၁-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။