A d v e r t i s e m e n t With Us

ဘာစီလိုနာဥက္ကဋ္ဌနှင့်ဘုတ်အဖွဲ့ဝင်များ နုတ်ထွက်ခဲ့မှု ပရိသတ်များ ထောက်ခံ

ဘာစီလိုအသင်းဥက္ကဋ္ဌ ဘာတိုမြူနဲ့ ဘုတ်အဖွဲ့ဝင်တွေ ရာထူးကနေ နုတ်ထွက်ခဲ့ကြတာကို အသင်းပရိသတ်တွေက ထောက်ခံခဲ့ကြပါတယ်။  ဥက္ကဋ္ဌ ဘာတိုမြူနဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၂၇ ရက် ရက်စွဲနဲ့ ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့တာဖြစ်ပါတယ်။  ဘာတိုမြူအနေနဲ့ ဘောလုံးအသင်းဥက္ကဋ္ဌလို ဘယ်တုန်းကမှ မလုပ်ဆောင်ခဲ့ကြောင်းနဲ့  နိုင်ငံရေးနဲ့ ဘောလုံးအားကစားကို မရောနှောသင့်ကြောင့် ၆၅ နှစ်အရွယ် ဘာစီလိုနာပရိသတ်တဦးက ပြောပါတယ်။  အသက် ၄၉ နှစ်ရှိ ဘာစီလိုနာပရိသတ်တစ်ဦးကလည်း  ဘုတ်အဖွဲ့ဝင်တွေအနေနဲ့ ရာထူးကနေ နုတ်ထွက်ရမယ့်အချိန်ဖြစ်တယ်လို့ ထောက်ခံစကားဆိုခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up