Home
မြန်မာသတင်း
သာယာဝတီတွင် NLD ပါတီအမှတ်တံဆိပ်ပါ စတစ်ကာအလှဆင်ကား ၅၀၀ ခန့်ဖြင့် အင်အားပြ
DVB
·
October 28, 2020
ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှာ အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအမှတ်တံဆိပ်ပါ စတစ်ကာအလှဆင်ထားတဲ့ အိမ်စီးကား ၅၀၀ လောက်နဲ့ လှည့်လည်အင်အားပြခဲ့ကြတယ်လို့ ပါတီအောင်နိုင်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။ NLD ပါတီ အောင်နိုင်ရေးကော်မတီ (လက်ပံတန်းမြို့) ဝင် ဦးလှဦးက "ပါတီရဲ့ အောင်နိုင်ရေးကာလဖြစ်ပေမဲ့ ကိုဗစ်ရဲ့ လူစုလူဝေးမလုပ်ရတဲ့ အခြေအနေမှာ အိမ်စီးကားတွေနဲ့ လူစုလူဝေးမဖြစ်အောင် ကားတစ်စီးကို လူနည်းနည်းနဲ့ပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ အိမ်စီးကားတွေနဲ့ပဲ အင်အားပြတဲ့ပွဲကို သာယာဝတီခရိုင်အနေနဲ့ ၈ မြို့နယ် လုပ်တာပါ" လို့ ပြောပါတယ်။ အခုလို အိမ်စီးကားနဲ့ အင်အားပြလှည့်လည်ပွဲမှာ သာယာဝတီခရိုင် ၈ မြို့နယ်က  အိမ်စီးကား ၄၈၆ စီး နဲ့ အခြားဝန်းရံကားတွေအပါအဝင် ကားအစီးရေ ၅၀၀ လောက်ရှိပြီး၊ လူအင်အား ၁၂၀၀၀ ကျော် ရှိခဲ့တယ်လို့ ပါတီထောက်ခံသူတစ်ဦးဆီက သိရပါတယ်။ သတင်း - ဝဏ္ဏထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024