Home
မြန်မာသတင်း
ရွှေဘို ပြောင်းဆန်အထွက်နှုန်း ယခင်နှစ်ထက် ထက်ဝက်ကျော် ကျဆင်း
DVB
·
October 28, 2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှာ ဒေသတွင်း ပြောင်းဆန်အထွက်နှုန်း ထက်ဝက်ကျော် လျော့နည်းကျဆင်းသွားတယ်လို့ ပဲပွဲရုံပိုင်ရှင်တွေက ပြောပါတယ်။ ရွှေဘိုမှာ ပြောင်းအဝင်က ထင်ဝက်ကျော် အဝင်နည်းပြီး  မနှစ်က သုံးတင်းဝင် အိတ်တစ်ထောင်ဝင်ကာ အခုနှစ် အိတ်လေးရာတောင် မဝင်ဘူးလို့ ဟံလင်းပဲပွဲရုံပိုင်ရှင် ဦးမျိုးကိုကိုက ပြောပါတယ်။ ပြောင်းအစိုက် လျော့နည်းတဲ့အပြင် မိုးခေါင်တဲ့အတွက် အထွက်နှုန်းလည်း သိသိသာသာ လျော့နည်းကျဆင်းတဲ့အတွက် ပြောင်းလှိုင်လှိုင်ပေါ်ချိန်ဖြစ်ပေမဲ့ ပြောင်းအဝင် နည်းပါးနေတယ်လို့ ပဲဒိုင်ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။ ပြောင်းစံစျေးနှုန်းက မကောင်းတဲ့အတွက် တချို့က မစိုက်ကြတာကြောင့် အဝင်နည်းပြီး တချို့ပဲဒိုင်တွေဆို ပြောင်းအဝင်မရှိဘူးလို့ ပွဲရုံ လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ ထွန်းညီနောင်ပွဲရုံပိုင်ရှင် ဦးတင်ထွန်းက “ပြောင်းဆန်အထွက်နှုန်းလည်း လျော့နည်းတယ်။ အရည်အသွေးက မိုးခေါင်တော့ ပြောင်းစေ့က သေးတယ်။ အရောင်းအဝယ်ကတော့ ရွှေဘိုကြက်စာစက်ရုံတွေရှိတဲ့အတွက် ပုံမှန်ရောင်းဝယ်နေတယ်” လို့ ပြောပါတယ်။ ​ရွှေဘိုပွဲရုံတွေကို ကန့်ဘလူနယ်ကနေ ပြောင်းဆန်အဓိကအဝင်ရှိပြီး ပြောင်းဆန် သုံးတင်းဝင် တစ်အိတ်ကို ၂၁၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ် ဝန်းကျင်ပေါက်စျေးရှိတယ်လို့ ပဲပွဲရုံတွေဆီက သိရပါတယ်။ သတင်း - ချိုသဲကြည်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024