Live
Home
မြန်မာသတင်း
Music zone KTV ဆိုင်ပိုင်ရှင်နှင့် မန်နေဂျာတို့၏ အာမခံလျှောက်ထားမှု ပယ်ချခံရ
ချမ်းမြေ့မောင်
·
October 27, 2020
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ Music zone KTV ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာတို့ရဲ့ အာမခံလျှောက်ထားမှုကို တရားရုံးက ပယ်ချလိုက်ပါတယ်။ ကိုဗစ်ကာလမှာ အစိုးရရဲ့ထုတ်ပြန်ချက်ကိုမလိုက်နာဘဲ KTV ဆိုင်ဖွင့်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်က Music zone KTV ဆိုင်ပိုင်ရှင် ဦးဇော်မင်းနဲ့ ဆိုင်မန်နေဂျာတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ တရားစွဲဆိုခဲ့ပြီးအောက်တိုဘာ ၂၇ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပါတယ်။ ရုံးချိန်းမှာ KTV ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာတို့ဘက်က အာမခံလျှောက်ထားခဲ့ပေမယ့် ရုံးတော်ကပယ်ချခဲ့တယ်လို့ စွပ်စွဲခံရသူဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးဇော်သိန်းထွန်းက ပြောပါတယ်။ နောက်အပတ်ရုံးချိန်းကို နိုဝင်ဘာလ ၁၀ ရက်နေ့ချိန်းဆိုခဲ့ပြီး အဲ့ဒီနေ့မှာ တရားရုံးက မှုခင်းစီမံခန့်ခွဲမှုလုပ်ကာ စတင်စစ်ဆေးမှာဖြစ်ပါတယ်။ Music zone KTV ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာတို့ဟာ အောက်တိုဘာ ၃ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တာပါ။  သူတို့နှစ်ဦးကို မြို့နယ်ကျန်းမာရေးဦးစီးမှူးက တရားလိုပြုလုပ်တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။ အဲဒီ KTV နဲ့စပ်ဆက်ပြီး ပြည်တွင်းမှာ လူပေါင်း ၉၀ ကျော်လောက် ရောဂါကူးစက်မှု ခံခဲ့ရတာပါ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024