ကိုဗစ်-၁၉ လူနာသစ် ၉၈၆ ဦးတွင် သင်္ဃန်းကျွန်းမြို့နယ်က ၁၂၈ ဦးဖြင့် အများဆုံးပါဝင်
မြတ်နိုးအောင်
·
October 26, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၉၈၆ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၆၈၅ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ သင်္ဃန်းကျွန်းမြို့နယ်က ပိုးတွေ့လူနာ ၁၂၈ ယောက်နဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ် ၄၁ မြို့ နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၀ ခုမှာ ၃၂ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၈ ခုမှာ ၅၀ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၀ ခုမှာ ၅၆ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၃ ခုမှာ ၃၁ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၃ ခုမှာ ၇ ယောက်၊ မကွေးတိုင်းမြို့နယ် ၉ ခုမှာ ၉၉ ယောက်၊ နေပြည်တော်မြို့နယ် ၃ ခုမှာ ၄ ယောက်၊ စစ်ကိုင်း တိုင်းမြို့နယ် ၆ ခုမှာ ၁၁ ယောက်၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ၂ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၈ ယောက်၊ ရှမ်းပြည်နယ်၊ မိုင်းယန်းမြို့နယ်မှာ ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါ တယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၁၉၉ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မိုင်းယန်းမြို့နယ်၊ စစ်ကိုင်းမြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်တွေက အတည်ပြုလူနာ ၁ ယောက် စီကတော့ ပြည်ပက ပြန်လည်ရောက်ရှိလာပြီး အသွားအလာကန့်သတ်ထားရှိသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၄,၇၇၄ ယောက်၊ သေဆုံးသူ ၁,၀၉၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၂၄,၉၂၀ ယောက်ရှိပြီ လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၃ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၁ ဒသမ ၉ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။