A d v e r t i s e m e n t With Us

သာယာဝတီအကျဉ်းထောင်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၁၈၅ ဦးရှိ  

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ သာယာဝတီအကျဉ်းထောင်မှာ အောက်တိုဘာ ၁၉ ရက်က စတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးစတင်တွေ့ရှိခဲ့ရာ ဒီနေ့အချိန်ထိ ရောဂါ ကူးစက်ခံထားရတဲ့ အကျဉ်းသားတွေနဲ့ ဝန်ထမ်း စုစုပေါင်း ၁၈၅ ဦးရှိသွားပြီလို့ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ သာယာဝတီခရိုင်မှာ ဧပြီ ၁၆ ရက်မှ အောက်တိုဘာ ၂၄ ရက်နေ့အထိ အမျိုးသား ကျန်းမာရေး(NHI)ကို ပေးပို့စစ်ဆေးခဲ့ရာမှာ သာယာဝတီထောင်က  ၂၄ ဦး၊ အောက်တိုဘာ ၂၂ ရက်က  Covid-19 Antigen Test (RDT)နဲ့ သာယာဝတီထောင်ရှိ  အကျဉ်းသားနဲ့  ဝန်ထမ်း ၂၅၂ ဦးကို စစ်ဆေးရာ ၁၆၀ ဦး ပိုးတွေ့ရှိပြီး လွတ်မြောက်အကျဉ်းသား  ၅ ဦးကို စစ်ဆေးရာ လက်ပံတန်းမြို့နယ်က တစ်ဦး ပိုးတွေ့ရှိတယ်လို့ သာယာဝတီခရိုင် ပြည်သူကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ သာယာဝတီခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသိန်းနိုင်လင်းက “သာယာဝတီ အကျဉ်းထောင်မှာ ရောဂါပိုးတွေ့ရှိတဲ့သူ ၁၈၅ ဦးမှာ ၂ ဦးက ဝန်ထမ်းဖြစ်တဲ့အတွက် သာယာဝတီခရိုင် ပြည်သူဆေးရုံမှာ ဆေးကုသမူခံယူနေတယ်။ ကျန်ရောဂါပိုးတွေ့တဲ့သူတွေ ကိုတော့ ထောင်ဆေးရုံမှာ ဆေးကုသပေးနေပါတယ်။ သေဆုံးတယ်ဆိုတဲ့သတင်းက မဟုတ်ပါဘူး” လို့ ပြောပါတယ်။ သာယာဝတီမြို့နယ်အုပ်ချူပ်ရေးမှူးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာ ထောင်နဲ့ အဆက်အစပ် မရှိတဲ့အတွက်​ ထောင်နဲ့ပတ်သက်ပြီး ပြည်ထဲရေးကိုသာ မေမြန်းပါလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သာယာဝတီအကျဉ်းထောင်ကို အသွားအလာကန့်သတ်ထားပြီး ထောင်ဝင်စာလာတွေ့တာတွေကိုလည်း ပိတ်ထားကာ ပါဆယ်နဲ့သာ ပေးပို့ခိုင်းတယ်လို့ သိရပါတယ်။ သတင်း - မေသွယ်

A d v e r t i s e m e n t With Us

More News
Up