နိုင်ဂျီးရီးယားအရေး အဆုံးသတ်ရန် မျှော်လင့်ဟု ပုပ်ဖရန်စစ် ပြော

နိုင်ဂျီးရီးယားနိုင်ငံအတွင်း ရဲတွေနဲ့ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်မှုတွေ အဆုံးသတ်ဖို့ မျှော်လင့်ပြီး ပြည်သူတွေနဲ့ နီးနီးကပ်ကပ် ရှိနေတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အောက်တိုဘာ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။  ရဲတွေရဲ့ ရက်စက်မှုအား ဆန့်ကျင့်ဆန္ဒပြသူတွေကို ထပ်နှိမ်နင်းခဲ့လို့ ပြည်သူတွေ ဒေါသထွက်နေတာကို ထိန်းသိမ်းဖို့ နိုင်ငံရဲ့စီးပွားရေးမြို့တော် လာဂို့စ်မှာ အာဏာပိုင်တွေက ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။  လမ်းပေါ် ဆန္ဒပြပွဲတွေ အဆုံးသတ်ဖို့ သမ္မတ မူဟမ်မာဒူ ဘူဟာရီကလည်း ဆော်သြ ခဲ့ပါတယ်။ အိခိုယိရပ်ကွက်ထဲမှာ အောက်တိုဘာ ၂၂ ရက်က သေနတ်ပစ်ခတ်သံတွေကြားရပြီး မီး ၂ ကြိမ် လောင်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ခရိုင်ထောင်ထဲမှာလည်း မီးလောင်ခဲ့တယ်လို့ ပြည်နယ် အစိုးရက ပြောပါတယ်။ လာဂို့စ်မြို့ တဖက်ခြမ်းက ကုန်တိုက်တန်းမှာ မီးလောင်ခဲ့တယ်လို့ ရုပ်သံသတင်းတွေမှာ ဖော်ပြထားပါတယ်။  ပုပ်ရဟန်းမင်းကြီးက ရိုမန်ကက်သလစ် ဘာသာဝင် ပုပ်ရဟန်းမင်းကို တင်မြှောက်ခွင့်ရှိတဲ့ ရေဖြန်းဘုန်းတော်ကြီး ကာဒီနယ် ၁၃ ပါးကိုလည်း အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ သူတို့ကို နိုဝင်ဘာ ၂၈ ရက်မှာ ဗာတီကန်နန်းတော်မှာ အခမ်းအနားနဲ့ ရာထူး တိုးမြှင့်ပေးမှာလည်း ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကာဒီနယ် ၅၇ ရာခိုင်နှုန်းကို ရာထူးခန့်ခဲ့တာဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ အရင် ပုပ်ရဟန်းမင်းကြီး ဟောင်းဘဲနဲဒစ် ဆယ့်ခြောက်နဲ့ ပုပ် ဂျွန်ပေါလ် တူးတို့က တင်မြှောက်ခဲ့တာပါ။  အသစ်တင်မြှောက်တဲ့ ဘုန်းတော်ကြီး ၉ ပါးဟာ အီတလီ၊ မော်လ်တာ၊ ရဝမ်ဒါ၊ အမေရိကန် ဖိလစ်ပိုင်၊ ချီလီ၊ ဘရူနိုင်းနဲ့ မက်ဆီကို နိုင်ငံတို့က ဖြစ်ပါတယ်။  ဒါကြောင့် နောင်လာမယ့် ပုပ်ရဟန်းမင်းအသစ်ဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ မူဝါဒ တွေကို ဆက်ပြီး အကောင်အထည်ဖော်နိုင်သူ ဖြစ်လိမ့်မယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

//
More News
Up