ဖိလစ်ပိုင်ကိုယ်စားပြု မယ်စကြဝဠာသရဖူ ဖိလစ်ပိုင်-အိန္ဒိယကပြားအလှမယ် ဆွတ်ခူး (ရုပ်သံ)

အောက်တိုဘာလ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာအလှမယ်သရဖူကို ဖိလစ်ပိုင်-အိန္ဒိယကပြား အလှမယ် ရာဘီရာမက်တေရိုက ရရှိသွားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် အလှမယ်ဟာ အီလိုအီလိုမြို့ ကိုယ်စားပြု အလှမယ်အနေနဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၆၉ ကြိမ်မြောက် မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုအနေနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာအလှမယ်ပြိုင်ပွဲကို ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကတည်းက ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် လတ်တလောဖြစ်ပွားနေတဲ့ ကို ဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ၂ ကြိမ်ထက်မနည်း ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ ဘက်ဂီအိုမြို့၊ Cordillera Convention Hall မှာ ကျင်းပခဲ့တဲ့ မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲမှာတော့ နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်အလှမယ် ၄၆ ယောက် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ 1st Runner Up ဆုကိုတော့ ပရာနာ့ဂ် ကိုယ်စားပြုအလှမယ်နဲ့ 2nd Runner Up ဆုကိုတော့ ကွီဇွန်ကိုယ်စားပြုအလှမယ်တွေက ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အလှမယ်သရဖူ Winner ဆုရရှိခဲ့တဲ့ ရာဘီရာမက်တေရိုကိုတော့ မနှစ်က ၂၀၁၉ ခုနှစ် မယ်စကြဝဠာအလှမယ်ပြိုင်ပွဲမှာ Top 20 အဆင့်ထိ ပါဝင်ခဲ့တဲ့ နိုင်ငံကိုယ်စားပြုအလှမယ် ဂါဇီနီဂနာဒတ်စ်က သရဖူကို ဆောင်းပေးခဲ့တာ ဖြစ်ပါတယ်။ Photo : Rabiya Mateo

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up