မြောင်းမြ ပျဉ်ရွာတွင် လေဆင်နှာမောင်းတိုက်
DVB
·
July 25, 2013
မြောင်းမြမြို့ ပျဉ်ရွာမှာ မနေ့က လေဆင်နှာမောင်း တိုက်သွားခဲ့လို့ စာသင်ကျောင်းရှိ အမိုးသွပ်ပြာတွေ လန်သွားပြီး ကမ်းပါးပြိုတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ပျက်စီးသွားခဲ့ပါတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မနေ့က ၆ နာရီအချိန်လောက်မှာ လေဆင်နှာမောင်း တိုက်သွားတယ်။ ကျောင်းက ၂ ဆောင်လောက် သွပ်တွေဘာတွေ လန်တာပေါ့။ သွပ်တွေ အချပ် ၇၀ လောက်လန်သွားတယ်၊ ကမ်းပြိုတာက များသောအားဖြင့် ပြိုတတ်တယ်။ အဲဒီနားတွေက ပေ လေး၊ ငါးဆယ်လောက်တော့ ပါသွားတယ်။
ပျက်စီးဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး ဒေသခံက “ဦးလေးတို့ရွာက ဒီလိုမိုးတွင်းဘက်ကျရင်တော့ ကွက်ကွက်ပြီးတော့ ဖြစ်တတ်ပါတယ်။ ပစ္စည်းမရှုံးဆုံပါဘူး။ ရုံးတော့ ဖျက်လိုက်ရတယ်။ ကမ်းပြိုတာ ရုံးက အခုဆောက်မယ်ဆိုရင်တော့ သိန်း လေး၊ ငါးဆယ် တစ်ရာ ကုန်တာပေါ့။ ရုံးက အစတုန်းက စာသင်ကျောင်း။ ကမ်းနဲ့ နီးတော့ စာသင်ကျောင်းက ရွှေ့သွားတော့ အဲဒီနေရာက ကျေးရွာ အဖွဲ့အစည်းရုံးပေါ့” လို့ ပြောပါတယ်။