နောက်ခံလူ ဖီးလ်ဂျုံးစ် လာမည့်ဇန်နဝါရီ အသင်းမှထွက်ခွာမည်

မန်ချက်စတာယူနိုက်တက်ရဲ့ အင်္ဂလန်နောက်ခံလူ ဖီးလ်ဂျုံးစ်ဟာ လာမယ့်ဇန်နဝါရီမှာ  အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း The Sun သတင်းစာမှာ ဖော်ပြပါတယ်။ ဖီးလ်ဂျုံးစ်ဟာ  အခုရာသီ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားရဲ့ အစီအစဉ်တွေမှာ မပါဝင်ဘဲ ချန်ပီယံလိဂ်လူစာရင်းက ချန်လှပ်ခံခဲ့ရသလို၊ ၂၀၂၀ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲ သာ ကစားခွင့်ရရှိခဲ့တာပါ။  အင်္ဂလန်ဝါရင့်နောက်ခံလူ ဖီးလ်ဂျုံးစ်ကို ဖူလ်ဟမ်အသင်းအပါအဝင် အသင်းတချို့က စိတ်ဝင်စားနေကြပြီး မန်ယူနဲ့ သူ့စာချုပ်မှာ ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up