ချမ်းမြသာစည်မြို့နယ်တွင် မီးပွိုင့်မျဉ်း ရေးဆွဲနေသူ ၂ ဦး ကားတိုက်ခံရသဖြင့် သေဆုံး
DVB
·
October 25, 2020
မန္တလေးမြို့၊ ချမ်းသာစည်မြို့နယ်၊ ၆၈ လမ်းနဲ့ ၁၀၇ လမ်းမီးပွိုင့်မှာ အောက်တိုဘာ ၂၄ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခွဲလောက်က ယာဉ်ကြောသတ်မှတ်တဲ့ မျဥ်းတွေ ရေးဆွဲနေတဲ့ အမျိုးသားနှစ်ဦးကို ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ အမှတ် ၁၁ နယ်မြေရဲစခန်းက သိရပါတယ်။
၆၈ လမ်းနဲ့ ၁၀၇ လမ်း မီးပွိုင့်မှာ မြောက်ဘက်ကနေ တောင်ဘက်ကို မောင်းနှင်လာတဲ့ MDY 7Q/..... GAC Trumpchi Saloon မီးခိုးရောင်ယာဥ်ဟာ အရှိန်မထိန်းနိုင်ဘဲ တဘက်ယာဥ်ကြောထဲ ရောက်ရှိကာ လမ်းပိတ်ပြီး မီးပွိုင့်မျဥ်း ရေးဆွဲနေတဲ့ နိုင်ရဲဝေနဲ့ ရဲမင်းမောင်တို့ကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ယာဉ်တိုက်ခံရသူတွေကို မန္တလေးပြည်သူ့ဆေးရံကြီးကို ပို့ဆောင်ကုသနေစဥ် နှစ်ဦးလုံး ယာဉ်တိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ရပြီး ယာဉ်မောင်းသူ နေရှင်းသန့်ဟာလည်း မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းသူ နေရှင်းသန့်ကို အမှတ် ၁၁ နယ်မြေရဲစခန်းမှာ ယာဥ်(ပ)၂၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- (က) အရ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း