A d v e r t i s e m e n t With Us

အာဖဂန် ပညာရေးဌာန အသေခံဗုံးခွဲခံရမှုကြောင့် ၂၄ ဦးသေဆုံး၊ ၅၇ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကဘူးလ်က ပညာရေးဌာနကို အောက်တိုဘာ ၂၄ ရက်က အသေခံဗုံးခွဲတာကြောင့် လူ ၂၄ ယောက်ထက်မနည်းသေဆုံးပြီး ၅၇ ယောက် ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။ ကော်စာအီဒါနစ်ရှ်ပညာရေးဌာန အပြင်ဘက်က လမ်းထဲမှာ ဗုံးသမားတယောက်က ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲခဲ့တာလို့ လုံခြုံရေးအစောင့်တွေကို ကိုးကားပြီး ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ အိုင်အက်စ်စစ်သွေးကြွအဖွဲ့က တယ်လီဂရမ် လူမှုကွန်ရက်ပေါ်ကနေ ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။  ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာ မဟုတ်ဘူးလို့ တာလီဘန်အဖွဲ့ပြောခွင့်ရက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။  ခုချိန်ဟာ တာလီဘန်တွေနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးသဘောတူညီချက် အတွက် ကာတာနိုင်ငံမှာ ဆွေးနွေးနေတဲ့ အတိမ်းအစောင်းမခံတဲ့ အချိန်ပါ။  ဗုံးခွဲခံရတဲ့ ကဘူးလ်မြို့အနောက်ပိုင်း ဧရိယာဟာ အရင်က အိုင်အက်စ်တွေ ပစ်မှတ်ထားရာ ရှီးယိုက် မွတ်စလင်အသိုင်းအဝိုင်းက လူအအများအပြား နေထိုင်ရာနယ်မြေလည်း ဖြစ်ပါတယ်။  ၂၀၁၈ က ဒီနေရာမှာ ဖြစ်ခဲ့တဲ့ အလားတူ ဖြစ်ရပ်မှာလည်း ဒါဇင်နဲ့ ချီတဲ့ ကျောင်းသားတွေ သေဆုံးပြီး ၂၀၂၀ မေလက သားဖွားဆောင်ကို သေနတ်သမားတွေက တိုက်ခိုက်မှုမှာလည်း မိခင်နဲ့ ကလေးတွေအပါအဝင် လူ ၂၄ ယောက် သေဆုံးခဲ့ပါတယ်။  လတ်တလော သီတင်းပတ်တွေအတွင်း ပြည်နယ်အတော်များများမှာ အကြီးအကျယ် တိုက်ခိုက်ခံနေရလို့ နိုင်ငံတောင်ပိုင်း ဟဲလ်မဲန်းခရိုင်ထဲက ထောင်ချီတဲ့ အရပ်သားတွေ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရပါတယ်။

A d v e r t i s e m e n t With Us

More News
Up