အယ်လ်ကိုင်းဒါးအကြီးတန်းခေါင်းဆောင် စစ်ဆေးရေးတခုအတွင်း ပစ်သတ်ခံရ

အာဖဂန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရိုက အလိုချင်ဆုံး အကြမ်းဖက်သမား စာရင်းဝင်  အယ်လ်ကိုင်းဒါး အကြီးတန်းခေါင်းဆောင် အဘူမာဆင်အယ်လ်မာစရီဟာ အထူးစစ်ဆင်ရေးတခုအတွင်း ပစ်သတ်ခံခဲ့ရတယ်လို့ အာဖဂန်အမျိုးသားလုံခြုံရေးညွှန်ကြားရေးမှူးရုံး NDS က အောက်တိုဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။  သူ့ကို အမေရိကန်နိုင်ငံသားတွေကို သတ်ဖြတ်ဖို့ ညွှန်ကြားစီစဉ်မှု၊ နိုင်ငံခြား အကြမ်းဖက် အဖွဲ့အစည်းကို ပစ္စည်းတွေနဲ့ အရင်းအမြစ်တွေ ထောက်ပံ့မှုတွေနဲ့ အမေရိကန်က တရားစွဲ ထားပါတယ်။ အယ်လ်မာစရီဟာ အယ်လ်ကိုင်းဒါး အဖွဲ့ထဲမှာ ဒုတိယအကြီးဆုံး စစ်ဦးစီးမှူးလို့လည်း ယုံကြည်ထားကြပါတယ်။  အာဖဂန်အရှေ့ပိုင်း ဂါဇ်နီခရိုင်ထဲက အထူးစစ်ဆင်ရေးအတွင်း  အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တာလို့ NDS က ပြောပါတယ်။ သူဟာ အိန္ဒိယနိုင်ငံအတွင်းက အကြမ်းဖက်အဖွဲ့အစည်း ခေါင်းဆောင်လို့လည်း ပြောပါတယ်။ အယ်လ်ကိုင်းဒါး အဖွဲ့ဝင်ဟာ အီဂျစ်နိုင်ငံသား ဟူဆမ်အဘ်ဒယ်ရာအူးဆိုတဲ့ နာမည်နဲ့လည်း လှုပ်ရှားတယ်လို့ အမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို FBI က ပြောပါတယ်။  အာဖဂန်နစ္စတန်နိုင်ငံထဲမှာ အယ်လ်ကိုင်းဒါး အဖွဲ့ဝင် အယောက် ၂၀၀ အောက်မှာပဲရှိတော့ တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပေအိုက အရင်လက ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up