ရှက်ဖီးလ်အသင်းကို ပင်နယ်တီပေးလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ လုံးဝ မျှတမှုမရှိဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
ဒီပွဲမှာ ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ အနောက်ကလိုက်ကစားရပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အန်ဖီးလ်မှာ ကစားခဲ့တဲ့ပွဲရဲ့ ပွဲချိန် ၁၁ မိနစ်မှာ ဖာဘင်ဟိုက အိုလီမက်ဘရင်းကို ဧရိယာ အတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ရှက်ဖီးလ်အသင်းဟာ ပင်နယ်တီ ရရှိခဲ့ပြီး ဒီပင်နယ်တီကို ဆန်ဒရာ ဘာ့ဂျ်ကဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် လီဗာပူးလ်အသင်းဟာ ပထမပိုင်းမှာ တင်ချေပဂိုးရရှိခဲ့ပြီး တိုက်စစ်မှူး ဖာမီနိုက ဒီရာသီအတွက်သူ့ရဲ့ ပထမဆုံး ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ဆာလရဲ့ ဂိုး တစ်ဂိုးဟာ လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး မိနစ်ပိုင်းအကြာ လီဗာပူးအသင်းဟာ လိုအပ်နေတဲ့ အနိုင်ဂိုးကို ရရှိခဲ့ပါတယ်။
မာနေးရဲ့ ဖြတ်တင်ဘောကို ကစားသမားသစ် ဒီယာဂိုဂျိုတာက ခေါင်းတိုက်သွင်းယူ ပေးခဲ့တာဖြစ်ပြေးအသင်းအတွက် လိုအပ်နေတဲ့ အနိုင် ၃ သုံးမှတ်ကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ရှက်ဖီးလ်အသင်းရဲ့ စွမ်းဆောင်ရည်ကို ကလော့က အပြည့်အဝ ချီးကျူးခဲ့ပေမဲ့ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ပတ်သတ်လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါ့အပြင် မတရားပေးခဲ့ရတဲ့ ပင်နယ်တီအတွက် မဆုတ်မနစ်တိုက်ပွဲဝင်မှာ အနိုင်ရလဒ်ကို ရှာတွေနိုင်ခဲ့တဲ့ လီဗာပူးအသင်းသားတွေကိုလည်း ကလော့ပ်က ချီးကျူးခဲ့ပါတယ်။
“ပင်နယ်တီပေးလိုက်ရတဲ့အခြေအနေက ပစ်ဒဏ်ကျူးလွန်ခဲ့တာ မဟုတ်ပါဘူး။ ဘောလုံးရာ သီတခုအတွင်းမှာ ကျနော်တို့ဟာ ကွဲပြားတဲ့အခိုက်အတန့်တွေကို ကြုံတွေ့ရနိုင်ပါတယ်။ကျနော်တို့ မတရားမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒါကိုထပ်မံကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်” လို့ ကလော့က BBC Sport ကို ပြောပါတယ်။
“ကျနော်တို့ မက်ဘရင်းကို ပထမပိုင်းမှာ ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ နေရာ လဲလှယ်မှုတွေလုပ်ဆောင်ပြီးချိန်မှာတော့ second ball တွေကို အနိုင်ရရှိခဲ့ပါတယ်။ ကျနော်တို့ အသင်းဟာ ၂ ဂိုး ၁ ဂိုးဖြစ်တဲ့အထိ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပေမဲ့ သူတို့ရဲ့တုန့်ပြန်မှုကိုလည်း ရင်ဆိုင်ခဲ့ ပါတယ်။ ဒါကို အံ့သြတာမျိုးတော့ မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ ရှက်ဖီးလ်နဲ့ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်တိုင်းဟာ ခက်ခက်ခဲခဲ့ ကစားရတာဖြစ်ပါတယ်။ ခရစ္စဝိုင်ဒါကို အနိုင်ယူဖို့ဆိုတာလည်း လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ သူတို့ဟာ ဘယ်တော့မှ အရှုံးမတတ်သူတွေပါ။ သူတို့ကို အများကြီး အထင်ကြီးလေးစားပါတယ်။ ခရစ္စဟာ ရှက်ဖီးလ်အသင်းအတွက် အံ့သြစရာတွေကို ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်” လို့လည်း ကလော့ပ်က ချီးကျူးပြောဆိုပါတယ်။