နယူးဒေလီ၏လေထုညစ်ညမ်းမှုကို ဓာတ်ငွေ့နှင့်လူသတ်ခန်းဟု ဒေသခံများ တင်စား

အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီဟာ လေထုညစ်ညမ်းမှု ပိုဆိုးရွားလာတာကြောင့် ဓာတ်ငွေ့နဲ့ လူသတ်တဲ့အခန်းလို ဖြစ်လာပြီလို့ ဒေသခံတွေက အောက်တိုဘာ ၂၄ ရက်မှာ ပြောပါတယ်။  နယူးဒေလီမြို့ရဲ့ လေထုအရည်အသွေး ညွှန်းကိန်းဟာ အမှတ် ၃၁၀ နဲ့ ဘေးအန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်နေတာကို နယူးဒေလီမြို့တော်အခြေစိုက် အမေရိကန်သံရုံးက ပြသခဲ့ပါတယ်။ “တကယ့်ကို အသက်ရှူရခက်တယ်။ ဒေလီမှာ ရက်နည်းနည်းလောက်တော့ အောက်စီဂျင် ဓာတ်ငွေ့အိုးကို သယ်ပြီး သွားရလိမ့်မလားလို့ ခံစားရတယ်။ မြို့ဟာ လေထုညစ်ညမ်းမှုကြောင့် ဓာတ်ငွေ့ လူသတ်ခန်းလို ဖြစ်လာနေပြီ”လို့ ဒေလီဒေသခံ တယောက်က ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အောက်တိုဘာ ၂၂ ရက်က ကျင်းပတဲ့ သမ္မတလောင်း စကားရည်လုပွဲမှာ အိန္ဒိယကို လေထုညစ်ညမ်းတဲ့နေရာအဖြစ် ရည်ညွှန်းပြောခဲ့ ပါတယ်။  ဒါကြောင့် ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တော် နယူးဒေလီမှာ အရေးပေါ် သန့်ရှင်းရေးလုပ်ကြဖို့ လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ ဆော်သြခဲ့ကြပါတယ်။  အောက်တိုဘာ ၂၃ ရက်မှာတော့ နယူးဒေလီနဲ့ပတ်ဝန်းကျင်မြို့တွေမှာ လေထု ညစ်ညမ်းမှုဟာ ၈ လအတွင်း အဆိုးဆုံးအဆင့်ကို ရောက်ခဲ့ပြီး လေထုအရည်အသွေး ညွှန်းကိန်း ဟာလည်း အမှတ် ၅၀၀ ပေးတဲ့စာရင်းထဲမှာ အရေးပေါ်အဆင့်ဖြစ်တဲ့ အမှတ် ၃၀၀ ကျော် အဆင့် ထိ ရောက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up