Home
မြန်မာသတင်း
ကိုဗစ်လူနာသစ်စာရင်းတွင် ရန်ကုန်တိုင်းက ၉၇၉ ဦးနှင့် ပဲခူးတိုင်းက ၂၃၀ အများဆုံးတွေ့ရှိ
DVB
·
October 24, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၃၆၁ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၉၇၉ ယောက်နဲ့ ပဲခူးတိုင်းက ၂၃၀ နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၆ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံ အယောက် ၈၀၊ အင်းစိန် ၇၈ ယောက်၊ ကမာရွတ် ၇၇ ယောက်၊ မြောက်ဥက္ကလာ ၆၇ ယောက်၊ ရန်ကင်း ၅၈ ယောက်နဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၃ မြို့နယ်  ပါဝင်နေတာ ဖြစ်ပါတယ်။ ပဲခူးတိုင်း ၁၀ မြို့နယ်မှာ အယောက် ၂၃၀ တွေ့ရှိပြီး သာယာဝတီမြို့နယ်က ၁၈၈ ယောက်နဲ့ အများဆုံး တွေ့ရှိခဲ့ပါတယ်။ မန္တလေးတိုင်း ၁၃ မြို့နယ်မှာ ၇၅ ယောက်၊ ကရင်ပြည်နယ် ၄ မြို့နယ်မှာ ၄၇ ယောက်၊ ဧရာဝတီတိုင်း ၈ မြို့နယ်မှာ ၁၃ ယောက်၊ မကွေးတိုင်း ၅ မြို့နယ်မှာ ၇ ယောက်၊ မွန်ပြည်နယ် ၃ မြို့နယ်မှာ ၅ ယောက်၊ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်က ၁ ယောက်၊ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်က ၁ ယောက်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်က ၁ ယောက်၊ ကယားပြည်နယ် လွိုင်ကော်က ၁ ယောက်၊ နေပြည်တော် ပျဉ်းမနားက ၁ ယောက် အသီးသီးတွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၁၃၅ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၂,၃၆၅ ယောက်၊ သေဆုံးသူ ၁,၀၃၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၂၂,၄၅၄ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၂ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၁ ဒသမ ၄ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024