ဝက်စ်ဟမ်းက ထွက်ခဲ့သည့်ဆုံးဖြတ်ချက် နောင်တမရဟု ဝဲလ်ရှိုင်းယား ပြော

အသင်းသစ်ရှာမတွေ့သေးပေမဲ့ ဝက်စ်ဟမ်းကနေ ထွက်ခွာခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ် ချက်ဖြစ်လို့ နောင်တမရကြောင်း ကွင်းလယ်လူ ဂျက်ဝဲလ်ရှိုင်းယားက ပြောပါတယ်။ အင်္ဂလန်ကွင်းလယ်လူ ဝဲလ်ရှိုင်းယားဟာ အာဆင်နယ်ကနေ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာပြသနာတွေ ဆက်လက်ကြုံတွေ့ခဲ့ရပြီး ပွဲကစားခွင့် နည်းပါးခဲ့ တာပါ။  အခုနှစ်ရာသီ အစောပိုင်းက ဝက်စ်ဟမ်း နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဝဲလ်ရိူင်းယားဟာ လက်ရှိ အချိန်မှာတော့  အသင်းသစ် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ဘောလုံးသမားတွေအနေနဲ့ ပွဲကစားခွင့် မရတဲ့အချိန်မှာ ယုံကြည်မှုတွေ ကျဆင်းလာပြီး အသင်းက ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာတောင် ပွဲကစားခွင့် မရခဲ့တဲ့ ပတ်ဝန်းကျင်မှာ ဆက်ပြီး မနေချင် ကြောင်း ဝဲလ်ရှိုင်းယားကပြောပါတယ်။  ဝဲလ်ရှိုင်းယားဟာ လက်ရှိအချိန်မှာ အများပြည်သူ့ပန်းခြံမှာ လေ့ကျင့်နေပြီး ပြည်တွင်း ကလပ်တွေနဲ့ ချိတ်ဆက်ထားသလို ပြည်ပထွက်ကစားနိုင်ချေလည်း ရှိတယ်လို့ ပြောပါတယ်။  အသက် ၂၈ နှစ်ရှိ ဝဲလ်ရိူင်းယားဟာ ဝက်စ်ဟမ်းနဲ့ ၂ ရာသီကြာကာလအတွင်းမှာ ၁၉ ပွဲသာ ကစားခဲ့ရတာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up