A d v e r t i s e m e n t With Us

အစ္စရေးနှင့် ဆူဒန် သံတမန်ဆက်ဆံရေး ထူထောင်မည်

အမေရိကန်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အစ္စရေးနဲ့ဆူဒန်ကြား ပုံမှန်သံတမန် ဆက်ဆံရေး ထူထောင်ဖို့ အောက်တိုဘာ ၂၃ ရက်မှာ နှစ်နိုင်ငံ သဘောတူခဲ့ပါတယ်။  ဒါဟာ နှစ်လအတွင်း အမေရိကန်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့  ဆူဒန်ဟာ အစ္စရေးနဲ့  သံတမန် အဆက်အသွယ်လုပ်တဲ့ တတိယမြောက်အာရပ်အစိုးရ ဖြစ်လာပါတယ်။  နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကြိုးပမ်းနေတဲ့ သမ္မတ ထရမ့်က  အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု၊ ဆူဒန်ဝန်ကြီးချုပ် အက်ဘ်ဒဲလာဟမ်းဒေါ့နဲ့ အသွင်ကူးပြောင်း ရေးကောင်စီအကြီးအကဲ အက်ဘ်ဒဲဖက်တာအယ်ဘာဟန်တို့နဲ့  တယ်လီဖုန်းကတဆင့် ဒီသဘော တူညီချက်ကို ရယူခဲ့တာဖြစ်ပါတယ်။  အကြမ်းဖက်မှု အားပေးတဲ့ နိုင်ငံစာရင်းကနေ ဆူဒန်ကို ဖယ်ရှားလိုက်တဲ့  သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ  အစ္စရေးနဲ့ သံတမန် အဆက်အသွယ်လုပ်ဖို့ လမ်းခင်းပေးခဲ့တာပါ။   နောက်ပြီး  လူထုစစ်တမ်းမှာ သမ္မတ ထရမ့်က ပြိုင်ဘက် ဂျိုးဘိုင်ဒန် နောက်ကလိုက်နေပြီး သူ့အနေနဲ့ ဒုတိယသက်တမ်း အနိုင်ရဖို့ ကြိုးပမ်းနေတာမို့  ဒါဟာ  ရီပတ်ဘလီကန် သမ္မတအနေနဲ့  နိုင်ငံခြားရေးမူဝါဒပိုင်း အောင်မြင်မှုတခုလည်းဖြစ်ပါတယ်။  ဒါပေမဲ့လည်း အစ္စရေးနဲ့ ဆူဒန်တို့ရဲ့ သံတမန်ဆက်သွယ်မယ့် သဘောတူညီချက်ကို ပါလက်စတိုင်းတို့က ရှုတ်ချခဲ့ပါတယ်။   ဖာတာအဖွဲ့အတွင်းရေးမှူး မဂျစ်အယ်ဖီယန်နီက  ပါလက်စတိုင်းအရေးကိစ္စမှာ ဆူဒန်နိုင်ငံနဲ့ ပြည်သူတွေက မျှမျှတတ ရပ်တည်တာမို့ ဒီသဘောတူညီချက်တွေကို ပယ်ချမယ်လို့ ယုံကြည်တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up