
Lead Story နိုင်ငံတကာ သတင်း အားကစား
ဒါဘီပွဲစဉ်တွင် အားနည်းသည့် ရီးရဲလ်အသင်းကို မြင်တွေ့ရမည်မဟုတ်ဟု ဘာကာနည်းပြပြော
Email This Story :
ရီးရဲလ်မက်ဒရစ်အသင်း ရှုံးပွဲဆက်နေပေမဲ့ အယ်လ်ကလက်စီကို ဒါဘီပွဲစဉ်မှာ အားနည်းတဲ့ အသင်းဖြစ်လာမှာမဟုတ်ကြောင်း ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ပြောပါတယ်။
ဘာစီလိုနာအသင်းဟာ အောက်တိုဘာ ၂၄ ရက် ည ၈ နာရီခွဲ မှာ ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါမှာ ကာဒစ်ဇ်ကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ရှက်တာဒိုးနက်ကို ရူံးနိမ့်ခဲ့တာပါ။
ရလဒ်ဆိုးရွားနေပေမဲ့လည်း အားနည်းတဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ်လို့ မထင်ကြောင်းနဲ့ ရီးရဲလ်ကစားသမားတွေက အတွေ့အကြုံရှိပြီး ဖိအားတွေအောက်ကနေ ရုန်း ထွက်နိုင်ကြလိမ့်မယ်လို့ နည်းပြ ကိုးမန်းက ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းမှာ အသင်းခေါင်းဆောင် ရာမို့စ်ပြန်လည်ပါဝင်မှာဖြစ်ပြီး ဘာစီလိုနာမှာလည်း နောက်ခံလူ ပီကေးနဲ့ ဂျော်ဒီအယ်လ်ဘာတို့ ပြန်လည်ကစားနိုင်မယ်လို့ သိရပါတယ်။