Monday, June 5, 2023
HomeLead Storyတရုတ်စစ်ခြေစိုက်စခန်း ဆောက်မည့်အစီအစဉ်ကို ကမ္ဘောဒီးယားတွင် ဆန္ဒပြ

တရုတ်စစ်ခြေစိုက်စခန်း ဆောက်မည့်အစီအစဉ်ကို ကမ္ဘောဒီးယားတွင် ဆန္ဒပြ

တရုတ်စစ်ခြေစိုက်စခန်း ဆောက်မယ့်အစီအစဉ်အား ကမ္ဘောဒီးယားနိုင်ငံ တရုတ်သံရုံးအနီးမှာ အောက်တိုဘာ ၂၃ ရက်က ကန့်ကွက်ဆန္ဒပြသူတွေကို လုံခြုံရေးအဖွဲ့တွေက လူစုခွဲခဲ့ပါတယ်။ 

ဆန္ဒပြသူ တစ်ယောက်က ပဲရစ်ငြိမ်းချမ်းရေးသဘောတူညီချက်ကို လေးစားပါလို့ အော်ဟစ်ခဲ့သလို့ တခြားဆန္ဒပြသူတွေဟာလည်း ကမ္ဘောဒီးယားအလံတွေ ဝှေ့ယမ်းဆန္ဒပြခဲ့ပါတယ်။ 

လူစုခွဲပေးဖို့ ၅ မိနစ် အချိန်ပေးခဲ့ပြီးနောက် လုံခြုံရေးတွေက ဆန္ဒပြသူတွေကို အနီးရှိ ရဲကားပေါ် အတင်းဆွဲတင်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို ဒေသမီဒီယာနဲ့ မျက်မြင်တွေ့သူတွေက ရိုက်ကူးပြိး အွန်လိုင်းကနေ တိုက်ရိုက်လွှင့်ခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆန္ဒပြပွဲဟာ ခွင့်ပြုချက်မရဘဲ လုပ်တာမို့ ထိန်းသိမ်းခဲ့သူတွေကို စစ်ဆေးမေးမြန်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။  

ရီယမ် ရေတပ်စခန်းမှာ  တရုတ်တပ်ဖွဲ့ဝင်တွေကို ထားရှိခွင့်ပြုဖို့ တိတ်တဆိတ် သဘောတူထားတယ်ဆိုတဲ့ သတင်းတွေကို ကမ္ဘောဒီးယားအစိုးရက အကြိမ်ကြိမ်ငြင်းဆိုထားပါတယ်။

နိုင်ငံခြားတပ်ဖွဲ့တွေကို လက်ခံတာဟာ ဖွဲ့စည်းပုံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုပြီး အစိုးရက ပြောထားပါတယ်။ 

အောက်တိုဘာလ ၂၃ ရက် ဆန္ဒပြပွဲဟာ  ဖျက်သိမ်းခံ အတိုက်အခံ  (CNRP) ပါတီက ကြီးမှူးတဲ့ ပဲရစ်  ငြိမ်းချမ်းရေးသဘောတူညီချက် ၁၉ နှစ်ပြည့် အထိမ်းအမှတ်  ဆန္ဒပြပွဲကြိးရဲ့ တစ်စိတ်တပိုင်းလည်း ဖြစ်ပါတယ်။ 

ပဲရစ်  ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ ၁၃ နှစ်ကြာ ကမ္ဘောဒီးယားပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular