A d v e r t i s e m e n t With Us

ကာဗာနီဟာ ဖာနန်ဒက်စ်ကဲ့သို့ ခြေစွမ်းပြနိုင်မည်ဟု ရွိုင်ယန်ဂစ် သုံးသပ်

တိုက်စစ်မှူးသစ် ကာဗာနီဟာ ဖာနန်ဒက်စ်လိုပဲ အသင်းအတွက် အကျိုးပြုမယ့် ကစားသမားဖြစ်တယ်လို့ ရွိုင်ယန်ဂစ်က သုံးသပ်ပါတယ်။ အသက် ၃၃ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် မန်ယူအသင်းကို ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။  ဝေးလ်အသင်းနဲ့ ဒုတိယမြောက်ပွဲစဉ်မှာ ကာဗာနီနဲ့ ရင်ဆိုင်ခဲ့ဖူးပြီး အဲဒီအချိန်က တိုက်စစ်မှူးဆွာ ရက်ဇ်ထက် ပိုကောင်းခဲ့တယ်လို့ ရွိုင်ယန်ဂစ်က ပြောပါတယ်။  လက်ရှိအချိန်မှာ အဲဒီတုန်းကလို ခြေစွမ်း မရှိတော့ပေမဲ့လည်း အသင်းအတွက် အသုံး ဝင်နေဆဲဖြစ်ပြီး ပွဲမကစားရတဲ့အချိန်တွေ ကြာခဲ့ပေမဲ့ မန်ယူတိုက်စစ်ကို ဦးဆောင်နိုင်သူ ဖြစ်တယ်လို့ ဂစ်က ချီးကျူးပါတယ်။  ကာဗာနီမှာ အတွေ့အကြုံကောင်းတွေလည်း ရှိတာကြောင့် ဘရူနိုဖာနန်ဒက်စ်လိုပဲ အသင်းကို အကျိုးပြုနိုင်ဖို့ မျှော်လင့်ကြောင်း ရွိုင်ယန်ဂစ်က သုံးသပ်ခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up