သီပေါတွင် ကျောင်းဆရာမ ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာ ၂ ဦးတွေ့ရှိ
ညီငယ်
·
October 23, 2020
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ယောက်တွေ့တယ်လို့ နယ်စည်းမခြားပရဟိတအဖွဲ့က ပြောပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့က တခြားမြို့နယ်ကနေ သီပေါမြို့ကိုလာတဲ့ ကျောင်းဆရာမ ၁ ဦး အထက(၁)ကျောင်းမှာ ကွာရန်တင်းဝင်နေရာက ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး သီပေါဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ရန်ကုန်ကနေပြန်လာတဲ့ အမျိုးသမီးကို သူရဲ့ နမ့်လန်မြောက်ပိုင်း ရပ်ကွက်နေအိမ်မှာပဲ ကွာရန်တင်းထားရာကနေ ရောဂါပိုးတွေ့ရှိခဲ့ပြီး နမ့်လန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ပိုးတွေ့လူနာ ၂ ဦး နဲ့ ဆက်စပ်တဲ့သူတွေကို လတ်တလောမှာ ကွာရန်တင်းထားထားတယ်လို့ သိရပါတယ်။