တမာပင်ပေါ် ဓာတ်လိုက်သူ ၁ ဦးကို မီးသတ်တပ်ဖွဲ့ကယ်ဆယ် (ဓာတ်ပုံ)
DVB
·
October 23, 2020
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၊ အမှတ်(၄)၊ မြို့မရပ်ကွက်မှာ အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က တမာပင်တက်ခုတ်တဲ့ လူတစ်ဦး ဓာတ်လိုက်သွားလို့ မီးသတ်တပ်ဖွဲ့ ကူညီကယ်ဆယ်ခဲ့ရပါတယ်။
သာစည်မြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ကာ လူနာကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သာစည်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။