Live
Home
ရုပ်သံ
နိုင်ငံရေး သရော်ပျက်လုံးများဖြင့် ထင်ရှားသည့် “သီးလေးသီး”အငြိမ့် အွန်လိုင်းကကြည့်ရှုနိုင် (ရုပ်သံ)
DVB
·
October 23, 2020
နိုင်ငံရေး သရော်ပျက်လုံးတွေနဲ့ ထင်ရှားတဲ့ သီးလေးသီးအဖွဲ့ပါဝင်တဲ့ ရွေးကောက် ပွဲအောင်နိုင်ရေးအငြိမ့်ပွဲကို ဒီကနေ့ည ၇ နာရီက စတင်ပြီး အွန်လိုင်းပေါ်ကတဆင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ စည်းရုံးလှုံ့ဆော်မှုတွေကို မီဒီယာတွေက နေတဆင့် နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ခုတခါမှာတော့ ဒီအငြိမ့်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် လူရွှင်တော်ဇာဂနာ စီစဉ်တဲ့ သီးလေးသီးနဲ့ ဇွဲအငြိမ့်တို့က ပူးပေါင်းတင်ဆက်ထားကြတာပါ။ National League for Democracy အမည်နဲ့ ပါတီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ကတဆင့် တင်ဆက်သွားမယ့် ဒီအစီအစဉ်မှာတော့ အငြိမ့်မင်းသမီး ဇွဲရတီ၊ လူရွှင်တော် အာလူး၊ ဒိုးပေါက်၊ ဇောက်ထိုးတို့နဲ့ သီးလေးသီးထဲက ပန်းသီး၊ စိန်သီး၊ ဇီးသီးတို့က ပါဝင်သွားကြမှာဖြစ်ကာ ဘယ်လိုပြက်လုံး၊ သံချပ်တွေ၊ အကအလှတွေနဲ့ တင်ဆက်သွားကြမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သီးလေးသီးအဖွဲ့ကိုတော့ နိုင်ငံရေးဆိုင်ရာ သရော်ပျက်လုံးတွေနဲ့ ပရိသတ်တွေက ဆယ်စုနှစ်နဲ့ချီ အားပေးခဲ့ကြရတဲ့ လူကြိုက်များတဲ့ အဖွဲ့တဖွဲ့ဖြစ်ကာ နိုင်ငံရေးခိုလှုံခွင့်နဲ့ ပြည်ပမှာ အချိန်ကာလတခုကြာအောင် နေထိုင်ခဲ့ကြရပြီး လက်ရှိအစိုးရလက်ထက်မှာမှ နိုင်ငံတွင်း ပြန်လည်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024