ဘဲလာရုစ်ဒီမိုကရက်တစ်အတိုက်အခံအဖွဲ့ လူ့အခွင့်အရေးဆု ရရှိ

ဥရောပပါလီမန်က နှစ်စဉ်ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆု (ဆက်ခါရော့ဗ်ဆု) ကို ဒီနှစ်မှာ ဘဲလာရုစ်ဒီမိုကရက်တစ်အတိုက်အခံလှုပ်ရှားမှုအဖွဲ့ကို  ချီးမြှင့်လိုက်ပါတယ်။  ဘဲလာရုစ်ရွေးကောက်ပွဲရလဒ် ဆန့်ကျင်ဆန္ဒပြပွဲတွေကို ထောက်ခံတဲ့အနေနဲ့ အောက်တိုဘာ ၂၂ ရက်မှာ ချီးမြှင့်ခဲ့တာပါ။  ဆက်ခါရော့ဗ်ဆု ချီးမြှင့်တဲ့အထဲမှာ ဘဲလာရုစ်အဓိကအတိုက်အခံ  ဆီခါနာစကာယာနဲ့ နိုဘယ်လ်ဆုရ စာရေးဆရာ ဆီဗာလာနာ အလက်ဇီဗစ်ချ်တို့အပါအဝင် အတိုက်အခံ ၁၀ ဦး ပါဝင်တယ်လို့  ဥရောပပါလီမန်က ပြောဆိုပါတယ်။  ဆိုဗီယက်အစိုးရ ဆန့်ကျင်သူ အန်ဒရေးဆာခါနော့ဗ်ကို အစွဲပြုပြီး ယူရိုငွေ ငါးသောင်း ချီးမြှင့်တဲ့ ဆက်ခါနော့ဗ်ဆုကို နှစ်စဉ် ချီးမြှင့်တာ ဖြစ်ပါတယ်။  ဆက်ခါနော့ဗ်ဆု ရရှိသူတွေထဲမှာ တောင်အာဖရိကသမ္မတ နယ်ဆင်မန်ဒဲလား၊ ဗင်နီဇွဲလား ဒီမိုကရက်တစ်အတိုက်အခံ အင်အားစုနဲ့ ပါကစ္စတန် ပညာရေးတက်ကြွလှုပ်ရှားသူ မာလာလာတို့ ပါဝင်တယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up