Thursday, June 8, 2023
HomeLead Storyကိုဗစ်ပိုး ဆက်ရှိနေသဖြင့်  စီရော်နယ်ဒို ဘာစီလိုနာနှင့်ပွဲ လွဲချော်

ကိုဗစ်ပိုး ဆက်ရှိနေသဖြင့်  စီရော်နယ်ဒို ဘာစီလိုနာနှင့်ပွဲ လွဲချော်

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ကိုဗစ်-၁၉ စစ်ဆေးရာမှာ Postive ဖြစ်နေသေး တာကြောင့် ဘာစီလိုနာနဲ့ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ 

အသက် ၃၅ နှစ်ရှိ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်ကတည်းက ပေါ်တူဂီ အသင်းနဲ့ ပူးပေါင်းစဉ်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာပါ။ 

အောက်တိုဘာ ၂၂ ရက်က ဒုတိယအကြိမ် စစ်ဆေးရာမှာလည်း ပိုးဆက်လက်တွေ့ရှိခဲ့ တာကြောင့် လာမယ့်တပတ် ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို ဆက်ပြီးလွဲချော်မယ်လို့ သိရပါတယ်။ 

ဂျူဗင်တပ်အသင်းဟာ လာမယ့်ကြားရက်မှာ ဘာစီလိုနာနဲ့  ကစားရမှာပါ။ 

ရော်နယ်ဒိုအနေနဲ့ ပွဲမတိုင်ခင် ကိုဗစ်ပိုးမရှိကြောင်း စစ်ဆေးတွေ့ခဲ့ပါကလည်း ၂၄နာရီအတွင်း ယှဉ်ပြိုင်ကစားလို့ မရတာကြောင့် ပြိုင်ဘက် မက်ဆီနဲ့ ထိပ်တိုက်တွေ့ဆုံမယ့် အဲဒီပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular