ထိုင်းဘုရင်စနစ်ဆန့်ကျင်သူများကို ဘုရင့်ဘက်တော်သားများ တန်ပြန်ဆန္ဒပြ

ထိုင်းနိုင်ငံမှာ အစိုးရနဲ့ စည်းမျဉ်းခံ ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာ လူထောင်သောင်းချီ စုရုံးခဲ့သလို တခြားတဖက်မှာလည်း ဘုရင့်ဘက်တော်သား ဒါဇင်နည်းနည်းက မြို့တော် ဘန်ကောက်မှာ အောက်တိုဘာ ၂၁ ရက်က တန်ပြန်ဆန္ဒပြခဲ့ကြပါတယ်။  စစ်အာဏာသိမ်းခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာ ရာထူးက နုတ်ထွက်ရေး ဆန္ဒပြတာ ပြဿနာ၀ မရှိပေမယ့် ဘုရင် မဟာ ဝဂျီရာလောင်ကွန်ကိုတော့ မဝေဖန်သင့်ဘူးလို့ ဘုရင့်ဘက်တော်သားတွေက ပြောပါတယ်။  ဒီဝေဖန်ချက်ဟာ နိုင်ငံတကာ စွက်ဖက်မှုတွေကို ဖိတ်ခေါ်ပြီး ထိုင်းရဲ့ ပင်မအဖွဲ့အစည်းကို ဖျက်ဆီးဖို့ ရည်ရွယ်ထားတယ်လို့ ဘုရင်စနစ်ကာကွယ်ရေးကွန်ရက် ကိုယ်စားလှယ် ပါန်စုဝမ် နာ့ခယိုက ပြောပါတယ်။  အရင်အပတ်က ဆန္ဒပြ ချီတက်ပွဲအနားကနေ ကားနဲ့ဖြတ်သွားတဲ့ ဘုရင့်မိသားစုဝင်တွေကို တင်လာတဲ့ ယာဉ်တန်းအား ဆန္ဒပြသူတွေက ထိပ်တိုက်ရင်ဆိုင်ခဲ့လို့ ရှပ်ဝါတွေ ဝတ်ထားတဲ့ ဘုရင်စနစ်ကို ထောက်ခံသူတွေ ဒေါသထွက်ခဲ့ကြပါတယ်။ သူတို့ဟာ တကယ့်ထိုင်းလူမျိုးအစစ်တွေဆိုရင် ဒါမျိုးမလုပ်သင့်ဘူးလို့ ဘုရင့်ဘက်တော်သားတယောက်က ပြောပါတယ်။  အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ သုံးတဲ့ လက်ချောင်း ၃ ချောင်းထောင် အလေးပြုတဲ့ အမူအယာဟာ  ဆန္ဒပြလှုပ်ရှားမှု သင်္ကေတ ဖြစ်လာခဲ့ပါတယ်။ ဒီဆန္ဒပြပွဲဟာ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း စည်းမျဉ်းခံဘုရင်စနစ်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်တဲ့ အကြီးဆုံး စိန်ခေါ်မှု ဖြစ်လာခဲ့ပါတယ်။  ဒါဟာ တော်ဝင်မိသားစုကို စော်ကားသူ ဘယ်သူမဆို ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ကျခံရ နိုင်စေတဲ့ ဥပဒေကို အာခံတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up