မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ လူနာ ၁၀ ဦး ထပ်တွေ့၊ အတည်ပြုလူနာ ၆၀၀ ကျော် ရှိလာ
DVB
·
October 22, 2020
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၂၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ရောဂါပိုး တွေ့ရှိမှုအရ မော်လမြိုင်မြို့နယ် ၅ ဦး၊ သထုံမြို့နယ် ၃ ဦး၊ ကုန်တင်ကား မောင်းသူနဲ့ ယာဉ်နောက်လိုက် ၂ ဦး စုစုပေါင်း ၁၀ ဦး ဖြစ်ပါတယ်။
ရောဂါပိုးတွေ့ရှိသူ ၁၀ ဦးမှာ ၈ ဦးဟာ သက်ဆိုင်ရာမြို့နယ်တွေရဲ့ အသွားအလာ ကန့်သတ်ထားတဲ့ စောင့်ကြည့် camp တွေမှာ စောင့်ကြည့်ထားတဲ့သူတွေ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အသစ်ထပ်တွေ့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ပေးထားတယ်လို့ မွန်ပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ကိုဇင်မိုးက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၆၀၆ ဦးအထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ ၉ ဦး သေဆုံးထားပါတယ်။