အာဆင်နယ်လူစာရင်း၌ အိုဇေးလ် ချန်လှပ်ခံခဲ့ရသည့်အပေါ် ပရိသတ်များ ဝေဖန်

ကွင်းလယ်လူ အိုဇေးလ်ကို ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ် လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့ အပေါ်မှာ အာဆင်နယ်ပရိသတ်တွေက ဝေဖန်နေကြပါတယ်။  အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေအတွက် ကစားသမား ၂၅ ဦး စာရင်းထုတ်ပြန်ခဲ့ရာမှာ စီနီယာကစားသမား ၂ ဦးဖြစ်တဲ့ ကွင်းလယ်လူ အိုဇေးလ်နဲ့ နောက်ခံလူ ဆိုကရားတစ်တို့ကို ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။  လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့အပေါ်မှာ အိုဇေးလ်က ကြေညာချက်တစောင်ထုတ် ပြန်ခဲ့ပြီး  ၂၀၁၈ ခုနှစ်မှာ စာချုပ်သက်တမ်းတိုးပြီး အသင်းမှာ သစ္စာရှိရှိနဲ့ ဆက်နေခဲ့ပေမဲ့ တူညီတဲ့ တုံ့ပြန်မှု မရခဲ့ကြောင်း၊ အပတ်စဉ် အကောင်းဆုံးကြိုးစား လေ့ကျင့်ခဲ့ပေမဲ့ ပွဲကစားခွင့်မရ ခဲ့ကြောင်း နဲ့လူစာရင်းမှာ မပါဝင်ပေမဲ့ ပွဲကစားခွင့်ရဖို့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကြေညာ ချက်မှာ ပါရှိပါတယ်။  အိုဇေးလ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အာဆင်နယ်ပရိသတ် တဦးက တွစ်တာကနေ  မှတ်ချက်ရေးသားခဲ့ပြီး အသင်းဘက်က အိုးဇေးလ်အပေါ် ပြုမှုဆက်ဆံပုံတွေဟာလည်း သဘောတူ လက်ခံစရာ မရှိကြောင်းနဲ့ အိုဇေးလ်က အသင်းရဲ့ အခမ်းနားဆုံး ကစားသမား ဖြစ်တယ်လို့ ပြောပါတယ်။  တခြားအာဆင်နယ်ပရိသတ်တဦးကတော့ အိုဇေးလ်က စရိုက်လက္ခဏာ ကောင်းမွန်သူ ဖြစ်လို့ သူ့အပေါ် လေးစားအားကျကြောင်းနဲ့ အသင်းအတွက် သစ္စာရှိရှိ ဆက်ကစားနေသူ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။  နောက်ထပ် ပရိသတ်တဦးကတော့ အာဆင်နယ်အသင်းအနေနဲ့ အသင်းရဲ့ ကစားသမားအရင်းအမြစ်ကို ဖြုန်းတီးနေပြီး ဘဏ္ဍာရေးနဲ့ နိုင်ငံရေးဆိုင်ရာတွေမှာ ဘယ်လို ဖြစ်နေပါစေ အိုဇေးလ်က ပွဲအဖြေကို ပြောင်းလဲနိုင်စွမ်းရှိသူလို့ မှတ်ချက်ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up