A d v e r t i s e m e n t With Us

အာဖဂန်ရှိ ပါကစ္စတန်ကောင်စစ်ဝန်ရုံး၌ ဗီဇာတိုးဝှေ့လျှောက်သဖြင့် ၁၅ ဦး လူပိသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ဂျလာလာဘတ်မြို့ရှိ ပါကစ္စတန်ကောင်စစ်ဝန်ရုံးမှာ အောက်တိုဘာ ၂၁ ရက်က ဗီဇာတိုးဝှေ့လျှောက်ကြတဲ့ လူအုပ်ပြိုမှု ဖြစ်ခဲ့ပြီး ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။  သေဆုံးသူတွေထဲက ၁၁ ယောက်ဟာ အမျိုးသမီးတွေဖြစ်ပြီး ဒဏ်ရာရသူ တစ်ဒါဇင် ကျော်ထဲမှာ သက်ကြီးပိုင်း အများအပြားပါဝင်တယ်လို့ ပြည်နယ်ကောင်စီဝင်က ပြောပါတယ်။   ကောင်စစ်ဝန်ရုံး အပြင်ဘက်က မြေကွက်လပ်မှာ ခန့်မှန်း အာဖဂန်နိုင်ငံသား ၃၀၀၀ ခန့် စုဝေးပြီး ဗီဇာလျှောက်ရာမှာ လိုအပ်တဲ့ တိုကင်တွေကို ယူခဲ့တယ်လို့ ပြည်နယ်အစိုးရအရာရှိ နှစ်ဦးက ရိုက်တာကို ပြောခဲ့ပါတယ်။  ဒီဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ကဘူးလ်ရှိ ပါကစ္စတန်သံရုံးက ထုတ်ပြန်ခဲ့ပြီး လူအုပ်ကြီးကို မြေကွက်လပ်အတွင်း စုစည်းခဲ့တဲ့ အာဖဂန်အာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့  ပါကစ္စတန် အရာရှိတွေက ဆိုပါတယ်။  နှစ်စဉ်နှစ်တိုင်း အာဖဂန်နိုင်ငံသား သောင်းနဲ့ချီ အိမ်နီးချင်း ပါကစ္စတန်ကို သွားပြီး  ဆေးကု တာ၊ ပညာသင်ကြားတာနဲ့ အလုပ်ရှာဖွေတာတွေ လုပ်ကြပါတယ်။  အာဖဂန်နဲ့ ပါကစ္စတန်တို့ရဲ့ နှစ်နိုင်ငံ နယ်နိမိတ်ဟာ ကီလိုမီတာ ၂၆၀၀ နီးပါး ရှည်လျား တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up