Home
သတင်းဓာတ်ပုံ
ငွေဇင်လှိုင်းရဲ့ တမူးမြို့ကအိမ်ကလေး “ငါတို့အိမ်လေး ရဲရဲနီ ပြည်သူချစ်တဲ့ NLD” ပထမဆုရ (ဓာတ်ပုံ)
DVB
·
October 22, 2020
REDs Vote NLD အဖွဲ့က ကြီးမှူးကျင်းပတဲ့ “ငါတို့အိမ်လေး ရဲရဲနီ ပြည်သူချစ်တဲ့ NLD” ပြိုင်ပွဲမှာ မြန်မာအိုင်ဒေါစတား တေးသံရှင် ငွေဇင်လှိုင်းရဲ့ တမူးမြို့က အိမ်ကလေးက ပထမဆု ရရှိသွားခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ အိမ်၊ ရုံး၊ အဆောက်အအုံ(အပြင်ပိုင်း) အန်အယ်လ်ဒီပါတီ ကိုယ်စားပြု ရဲရဲနီအောင် အလှပြင်ဆင်ထားတဲ့ ပြိုင်ပွဲဝင်ပုံတွေကို ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးက ပြိုင်ပွဲဝင်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ငွေဇင်လှိုင်းရဲ့ တမူးမြို့က အန်အယ်လ်ဒီပါတီအလံ၊ ထီး၊ ဗီနိုင်းပိုစတာတွေနဲ့ အလှဆင်ထားတဲ့ အိမ်ကလေးက ပထမဆုကို ရရှိခဲ့ပြီး ဒုတိယဆု၊ တတိယဆုနဲ့ နှစ်သိမ့်ဆု ၁၄ ဆုကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ REDs Vote NLD အမည်နဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီကို အားပေးထောက်ခံသူတွေ ဖွင့်လှစ်ထားခဲ့တာဖြစ်ကာ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ရေးမူကဗျာ စာရွက်လေလံပွဲနဲ့အတူ လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ တမူးမြို့သူ တေးသံရှင် ငွေဇင်လှိုင်းကတော့ Season 3 မှာ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး Top 4 အ ဆင့်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဝါသနာပါရာ ဂီတအနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းရင်း အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေခဲ့သူဖြစ်ကာ အန်အယ်လ်ဒီပါတီ အောင်နိုင်ရေး လှုပ်ရှားမှုတွေမှာပါ တခြားအနုပညာမောင်နှမတွေနဲ့အတူ ပါဝင်လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းကတော့ ငွေဇင်လှိုင်းရဲ့ ‘တိတ်တခိုး’ အမည်နဲ့ သီချင်းသစ်တပုဒ် ထွက်ရှိထားခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024