A d v e r t i s e m e n t With Us

မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဟောင်းကို အကျဉ်းထောင်၌ ဆက်ထားရန် အမိန့်ချ

FILE PHOTO: Mexico's then Defense Minister General Salvador Cienfuegos Zepeda attends a flag-raising ceremony honouring the victims of the September 1985 and 2017 earthquakes at Zocalo square in Mexico City, Mexico September 19, 2018. REUTERS/Daniel Becerril/File Photo/File Photo
မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဟောင်း ဆာဗာဒိုစန်ဖူဂို့စ်ကို အာမခံမပေးဘဲ အကျဉ်းထောင်မှာ ဆက်လက်ထိန်းသိမ်းထားဖို့ အောက်တိုဘာ ၂၀ ရက်မှာ အမေရိကန် တရားသူကြီးက အမိန့်ချမှတ်လိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဟောင်း စန်ဖူဂို့စ်ကို မူးယစ်ရောင်းဝယ်ဖောက်ကားမှု စွဲချက်တွေနဲ့  ရုံးတင်စစ်ဆေးမှာကို ခေတ္တဆိုင်းငံ့ပြီး နောက်ထပ်စစ်ဆေးမှုတွေလုပ်ဖို့ နယူးယောက်ကို ပို့ဖို့လည်း  တရားသူကြီးက အမိန့်ချလိုက်တာပါ။ စန်ဖူဂို့စ်ဟာ  ပြီးခဲ့တဲ့သီတင်းပတ်က လော့စ်အိန်ဂျလိစ်လေဆိပ်မှာ အဖမ်းခံခဲ့ရပြီး သူ့ကို မူးယစ်မှောင်ခိုမှု၊ ငွေကြေးခဝါချမှု စွဲချက် ၄ ခုနဲ့ နယူးယောက် ဖက်ဒရယ်တရားရုံးက စွဲဆိုခဲ့ပါတယ်။ စန်ဖူဂို့စ်ဟာ မူးယစ်မှောင်ခိုအဖွဲ့ဝင်တွေဆီက လာဘ်ငွေယူပြီး အပြန်အလှန်အနေနဲ့ သူတို့ကို အကာအကွယ်ပေးခဲ့တယ်လို့ ဖက်ဒရယ်အစိုးရရှေ့နေတွေက ဆိုပါတယ်။ အဲဒီထဲမှာ အမေရိကန် စုံစမ်းရေးအကြောင်း သူတို့ကို သတိပေးတာတွေ ပါဝင်ပါတယ်။ သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး စန်ဖူဂို့စ်က အယူခံမဝင်သေးပါဘူး။ ဒီဖြစ်ရပ်ဟာ မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဟောင်းတစ်ဦးကို ပထမဆုံးအကြိမ် စွဲချက်တင် ထိန်းသိမ်းတာ ဖြစ်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up