အာမေးနီးယားတပ်ဖွဲ့ကို အဇာဘိုင်ဂျန်က အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက် 

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား ခွဲထွက်ဒေသနဲ့ပတ်သက်လို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အာမေးနီးယားတပ်ဖွဲ့ ရှိရာနေရာတွေကို အမြောက်နဲ့ပစ်ခတ်တဲ့ ဗွီဒီယိုကို အဇာဘိုင် ကာကွယ်ရေးဌာနက အောက်တိုဘာ ၂၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ နှစ်ဘက် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အသစ်တဖန် ဖြစ်ခဲ့ပြီးနောက်မှာ နာဂေါ်နိုခါရာဘတ်ခ်ဒေသ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပါတယ်။  စက်တင်ဘာ ၂၇ ရက်မှာ နှစ်ဘက်တိုက်ပွဲတွေ စခဲ့ပြီး အောက်တိုဘာ ၁၀ ရက်မှာတော့ ရုရှားရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ အပစ်အခတ်ရပ်ရေး သဘောတူခဲ့တာပါ။ အင်အားကြီး ရုရှားနဲ့ တူရကီ ပါဝင်လာပြီး ပဋိပက္ခ ပိုကြီးလာနိုင်တဲ့ စိုးရိမ်မှုတွေရှိနေပေမယ့်  အပစ်အခတ်ရပ်ရေးကလည်း တိုက်ပွဲတွေအပေါ်မှာ  ထိရောက်မှု မရှိသလောက် ဖြစ်နေပါတယ်။    နာဂေါ်နိုခါရာဘတ်ခ်ဒေသက အရာရှိတွေက အမြောက်နဲ့ ပစ်ခတ်တာတွေ ထပ်မံဖြစ်ပေါ်နေပြီး  ပဋိပက္ခနယ်မြေရဲ့ တောင်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်တယ်လို့ အောက်တိုဘာ ၂၀ ရက်မှာ  ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up