ဦးကျော်မြင့်ကို ရဲအင်အားအလုံးအရင်းဖြင့် တတိယအကြိမ် ရုံးထုတ် (ဓာတ်ပုံ)
DVB
·
October 20, 2020
ထောင်ပြေးမှုနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဒီကနေ့ အောက်တိုဘာ ၂၀ ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် တရားရုံးမှာ တတိယအကြိမ် ရုံးထုတ် စစ်ဆေးပါတယ်။
ဒီနေ့ရုံးချိန်းမှာ ဦးကျော်မြင့်ကို PPE ဝတ်စုံ ဝတ်ထားသူတွေနဲ့အတူ ရုံးထုတ်လာတဲ့အပြင် ရဲအင်အား အများအပြားကလည်း ဒိုင်းတွေနဲ့ ကာရံ လုံခြုံရေး အပြည့်ယူထားတာ တွေ့ရပါတယ်။
ဒါ့ပြင် ဦးကျော်မြင့်ထောင်ကျနေစဉ် ထောင်တွင်းမှာ ချေးယူခဲ့တဲ့ ပိုက်ဆံ ကျပ် ၅၀၀ အတွက် နဂါးဆိုသူက ဦးကျော်မြင့် တရားရုံးကနေ အချုပ်ကားနဲ့ ပြန်အထွက်မှာ အော်ဟစ် တောင်းခံခဲ့ပါတယ်။
ဒီနေ့ ရုံးချိန်းမှာ တရားလိုဘက်က ဆရာတော် ဦးဣန္ဒြောဘာသ (ထောင်မှူးဟောင်း ဦးအေးချမ်း) အပါအဝင် သက်သေ ၅ ယောက်ကို စစ်ဆေးခဲ့ပါတယ်။
ဦးကျော်မြင့်ခေါင်းဆောင်တဲ့ နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း အောက်တိုဘာ ၁၇ ရက်နေ့က ကြေညာထားပါတယ်။
Photo- Kaung Zaw Hein/MPA