ဘရာဇီးတွင် စမ်းသပ်နေသည့် တရုတ်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ရလဒ်ကောင်း

တရုတ်နိုင်ငံအခြေစိုက် စီနိုဗက်ဘိုင်အိုတက်ခ်ကုမ္ပဏီက ထုတ်လုပ်ပြီး ဘရာဇီးနိုင်ငံမှာ နောက်ပိုင်းအဆင့် လက်တွေ့စမ်းသပ်နေတဲ့ စမ်းသပ်ဆဲ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ အောက်တိုဘာ ၁၉ ရက်မှာ ရလာတဲ့ ကနဦး ရလဒ်တွေအရ ဘေးကင်းပုံပေါ်တယ်လို့ ဘရာဇီး ထိပ်တန်းသုတေသနဌာနက ပြောလိုက်ပါတယ်။ စေတနာ့ဝန်ထမ်း အယောက် ၉၀,၀၀၀ ပါတဲ့ အဆင့် ၃ စမ်းသပ်ချက်အရ ကိုရိုနာဗက်လို့ ခေါ်ပြီး ၂ လုံး ထိုးရတဲ့ ကာကွယ်ဆေးဟာ ဘေးကင်းတာကို သက်သေပြနေတယ်လို့ စမ်းသပ် ဆောင်ရွက်နေတဲ့ ဆောင်ပါလိုမြို့ အခြေစိုက် ဘူတန်တန်တက္ကသိုလ်က ပြောပါတယ်။ စေတနာ့ဝန်ထမ်း အယောက် ၁၃,၀၀၀ စလုံးကို စမ်းသပ်မှု ပြီးဆုံးတဲ့တိုင်အောင် ဒီကာကွယ်ဆေး ဘယ်လောက် ထိရောက်လဲဆိုတဲ့ အချက်ကို ထုတ်ပြန်ဦးမှာ မဟုတ်ဘူးလို့ ဒါတန်တန်ရဲ့ ညွှန်ကြားရေးမှူး ဒီမတ်စ်ကိုဗတ်စ်က ပြောပါတယ်။ ကာကွယ်ဆေးဟာ ပြင်းထန်တဲ့ ဘေးဥပါဒ် ဘေးထွက်ဆိုးကျိုး မရှိဘူး။ စမ်းသပ်ခံ စေတနာ့ဝန်ထမ်း ၂၀ ရာခိုင်နှုန်းက ဆေးထိုးတဲ့နေရာက နာကျင်တယ်လို့ ပြောပြီး စမ်းသပ်ခံ ၁၅ ရာခိုင်နှုန်းက ပထမ ဆေးတလုံး ထိုးချိန်မှာ ခေါင်းကိုက်ဝေဒနာ ခံစားရတယ်။  ဒုတိယ ဆေးတလုံးထိုးချိန်မှာ စမ်းသပ်ခံ ၁၀ ရာခိုင်နှုန်းက ခေါင်းကိုက်ဝေဒနာ ခံစားရတယ်လို့ ကိုဗက်စ်က ဆက်ပြောပါတယ်။ ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်ကို တိုက်ဖျက်ကာကွယ်မယ့် ပဋိပစ္စည်းတွေကို ထုတ်ပေးပုံ ပေါ်တယ်လို့ ဆောင်ပါလို ပြည်နယ် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ဆောင်ပါလိုပြည်နယ်ဟာ ကိုရိုနာဗက် ကာကွယ်ဆေးကို ဒီနှစ်ကုန်ပိုင်းမှာ အတည်ပြုရေး စည်းမျဉ်းတွေကို ရဖို့ ၂၀၂၁ နှစ်ဆန်းပိုင်းမှာ ကာကွယ်ဆေးထိုးမှု စတင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် အမေရိကဒေသတွေထဲမှာ ပထမဆုံး ကာကွယ်ဆေးထိုးတဲ့အစီအစဉ် ဖြစ်လာနိုင်တယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။ ဆောင်ပါလိုပြည်နယ်ဟာ ဖေဖော်ဝါရီလကုန်မှာ စီနိုဗက် ကာကွယ်ဆေး အလုံးရေ သန်း ၆၀ ဝယ်ဖို့လည်း သဘောတူ လက်မှတ် ရေးထိုးထားပါတယ်။ ဘရာဇီးမှာ ဇူလိုင်နှောင်းပိုင်းတည်းက နေ့စဉ် အသစ်ကူးစက်ခံ အတည်ပြုလူဦးရေ ၇ သောင်းနီးပါး ရှိနေလို့ စီနိုဗက်ကုမ္ပဏီက ဘရာဇီးကို စမ်းသပ်ကွင်းအဖြစ် လိုချင်နေတာပါ။ အမေရိကန်နဲ့ အိန္ဒိယ ပြီးရင် ဘရာဇီးဟာ ကူးစက်ခံအတည်ပြု လူနာဦးရေ ၅ ဒသမ ၂၅ သန်းနဲ့  ကမ္ဘာ့ကူးစက်မှု တတိယအမြင့်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up