A d v e r t i s e m e n t With Us

မက်ဆီက အမြဲတမ်းခြေတစ်လှမ်းသာသူဟု မာတီနက်ဇ် ချီးကျူး

မက်ဆီဟာ ကစားသမားအားလုံးထက် အမြဲတမ်း ခြေတစ်လှမ်းသာသူလို့ အာဂျင်တီးနား တိုက်စစ်မှူး မာတီနက်ဇ်က ချီးကျူးပါတယ်။  အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ်ဟာ ဘာစီလိုနာနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ခဲ့ဖူးပေမယ့် အမှန်တကယ် ဖြစ်မြောက်လာခြင်းတော့ မရှိခဲ့တာပါ။ မက်ဆီကို ပြိုင်ဘက်အနေနဲ့မဟုတ်ဘဲ အာဂျင်တီးနားအသင်းမှာသာ အတူကစားခဲ့ဖူးပြီး ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်တယ်လို့ မာတီနက်ဇ်က ချီးကျူးပါတယ်။  အာဂျင်တီးနားအသင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ကစားသမားဖြစ်ပြီး သူ့ဆီကနေ သင်ယူစရာတွေ လုပ်ဆောင်ဖို့ အမြဲတမ်းကြိုးစားတယ်လို့ မာတီနက်ဇ်က ပြောပါတယ်။  မက်ဆီက တခြားအဆင့်အတန်းမှာရှိတဲ့ ကစားသမားဖြစ်ပြီး တခြား ကစားသမားတွေ အားလုံးထက် အမြဲတမ်း ခြေတစ်လှမ်းသာနေသူ ဖြစ်တယ်လို့ ခံစားမိကြောင်း တိုက်စစ်မှူး မာတီနက်ဇ်က ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up