ရွေးကောက်ပွဲ၌ ဆိုရှယ်လစ်နိုင်ပါက ပြည်တော်ပြန်မည်ဟု ဘိုလီဗီးယားသမ္မတဟောင်း ပြော

ဘိုလီးဗီးယားသမ္မတ ရွေးကောက်ပွဲမှာ ဆိုရှယ်လစ် သမ္မတလောင်းဟာ နောက်တစ်ကြိမ် ယှဉ်ပြိုင်စရာမလိုဘဲ အနိုင်ရဖို့ နီးစပ်နေတာမို့ ပြည်တော်ပြန်မယ်လို့ သမ္မတဟောင်း အီဗိုမိုရာလက်စ်ပါတီက ပြောလိုက်ပါတယ်။ လက်ရှိအချိန် သမ္မတဟောင်း မိုရာလက်စ်ဟာ အိမ်နီးချင်း အာဂျင်တီးနားနိုင်ငံမှာ နိုင်ငံရေး ခိုလှုံနေပြီး ဒီရွေးကောက်ပွဲဟာ မိုရာလက်စ်ရဲ့လက်ဝဲဝါဒီပါတီ အာဏာပြန်ရမယ့် အခြေအနေ တွန်းပို့နေပါတယ်။ မိုရာလက်စ်လက်ထက်က စီးပွားရေးဝန်ကြီး လုပ်ခဲ့တဲ့ သမ္မတလောင်း လူးဝစ်အာ့တ်ဟာ အောက်တိုဘာ ၂၀ ရက် လူထုစစ်တမ်းအရ  ထောက်ခံမဲ ၅၂ ဒသမ ၄ ရာခိုင်နှုန်း  ရထားပါတယ်။  ဒါဟာ ထောက်ခံမဲ့ ၃၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရထားတဲ့  ပြိုင်ဘက် ကာလို့စ်မက်ဆာထက် ၂၀ ရာခိုင်နှုန်းကျော် သာလွန်နေပါတယ်။   ပြီးခဲ့တဲ့ ဆယ်စုနှစ်  နှစ်ခုကျော်က လက်တင်အမေရိကမှာ ဆက်တိုက်ပေါ်လာတဲ့ လက်ဝဲဝါဒီ သမ္မတတွေထဲ မိုရာလက်စ်ဟာ ထင်ရှားပြီး သက်တမ်းရှည်တဲ့ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ အခုရွေးကောက်ပွဲဟာ ဘိုလီးဗီးယားမှာ လက်ဝဲဝါဒီ သြဇာကြီးမားနေဆဲ ဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်တယ်လို့ ရိုက်တာက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up