ရွေးကောက်ပွဲအတွက် အရီဇိုးနားပြည်နယ်တွင် ဒေါ်နယ်ထရမ့် မဲဆွယ်စည်းရုံး

U.S. President Donald Trump speaks during a campaign rally in Carson City, Nevada, U.S., October 18, 2020. REUTERS/Carlos Barria
အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တွေ ကြိုတင်မဲတခဲနက် ပေးနေချိန်မှာ အောက်တိုဘာ ၁၉ ရက်က ရီပတ်ဘလီကန်သမ္မတ ဒေါ်နယ်ထရမ့်က အကြိတ်အနယ်ဖြစ်နေတဲ့ အရီဇိုးနားပြည်နယ်မှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။ သမ္မတထရမ့်ဟာ တက်ဆန်မြို့ကို မလာခင် အရင်ဆုံး ပရက်စ်ကို့တ်မြို့မှာ လူထုစည်းဝေးပွဲ လုပ်ခဲ့ပါတယ်။ မဲဆွယ်ပွဲ အနည်းအကျဉ်းသာလုပ်ပြီး တက်ရောက်သူ အရေအတွက်တွေကို ကန့်သတ်တဲ့အတွက် ပြိုင်ဘက် ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်ကို ထရမ့်က လှောင်ပြောင်ခဲ့ပါတယ်။ ကပ်ရောဂါ ဖြစ်နေချိန်မှာ နှာခေါင်းစည်းတပ်သူ အနည်းအကျဉ်းသာပါပြီး တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေတာမျိုးမရှိတဲ့ လူစုလူဝေးတွေ လုပ်တာကြောင့် ထရမ့်ကို ဘိုင်ဒင်နဲ့ ကျန်းမာရေး ကျွမ်းကျင်သူတွေကလည်း စကားလုံးတွေနဲ့ ထိုးနှက်ခဲ့ပါတယ်။ အမေရိကန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူက ၂၂၀,၀၀၀ နီးပါးရှိနေပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ၁၅ ရက်အလိုမှာ ထုတ်ပြန်တဲ့ လူထုစစ်တမ်း အရ ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးဖွယ်ရှိတဲ့ ပြည်နယ်အများအပြားမှာ ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်က ဦးဆောင်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up