ရက်ရှ်ဖို့ဒ်က အန္တရာယ်အရှိဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း အမ်ဘာပေ ချီးကျူး

ရက်ရှ်ဖို့ဒ်ဟာ အန္တရာယ်အရှိဆုံးတိုက်စစ်မှူးတစ်ဦး ဖြစ်တယ်လို့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေက ချီးကျူးပါတယ်။ ပီအက်စ်ဂျီအသင်းဟာ အောက်တိုဘာ ၂၁ ရက်မှာ မန်ယူအသင်းနဲ့ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲကစားရမှာဖြစ်ပြီး အမ်ဘာပေနဲ့ ရက်ရှ်ဖို့ဒ်တို့ ထိပ်တိုက်တွေ့ဆုံမှာပါ။ Mirror သတင်းစာနဲ့ အင်တာဗျူးမှာတော့ ရက်ရှ်ဖို့ဒ်က အင်္ဂလန်မှာ အန္တရာယ်အရှိဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး  ပြင်သစ်အသင်းဖော် ပေါ့ဘာက ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းအကြောင်းကို မကြာခဏပြောလေ့ရှိတယ်လို့ အမ်ဘာပေက ပြောပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကို စားသောက်စရာတွေ အခမဲ့ ကျွေးမွေးနိုင်အောင် ရန်ပုံငွေ ရှာပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကိုလည်း အမ်ဘာပေက ချီးကျူးခဲ့ပါတယ်။ ချို့တဲ့တဲ့ ကလေးငယ်တွေအတွက် ထောက်ပံ့ပေးနိုင်ရေးဟာ အရေးပါတဲ့ လူမှုရေးလူပ်ရှားမှု ဖြစ်ပြီး လူတိုင်း လုပ်ဆောင်ချင်တဲ့ဆန္ဒရှိလိမ့်မယ်လို့ အမ်ဘာပေက ချီးကျူးပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ပီအက်စ်ဂျီနဲ့ တွေ့ဆုံစဉ်က နောက်တဆင့်တက်စေမယ့် အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up