Monday, June 5, 2023
HomeCOVID19ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဝေရေးလုပ်ငန်းကို ယူနီဆက်ဖ် ဦးဆောင်တာဝန်ယူမည်

ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဝေရေးလုပ်ငန်းကို ယူနီဆက်ဖ် ဦးဆောင်တာဝန်ယူမည်

ကမ္ဘာ့နိုင်ငံအများအပြားမှာ ကိုဗစ်-၁၈ ကာကွယ်ဆေး ဖြန့်ဝေရေးလုပ်ငန်းကို ဦးဆောင် တာဝန်ယူသွားမယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က ပြောပါတယ်။ 

ယူနီဆက်ဖ် အကြီးအကဲ ဟင်နီရက်တာဖိုးက “COVAX ဟာ ကမ္ဘာ့နိုင်ငံ အများအပြားကို ကိုဗစ်ကာကွယ်ဆေး ဖြန့်ဝေပေးတဲ့လုပ်ငန်း တာဝန်ကြီး ဖြစ်တယ်။ လူ့အသက်တွေကို ကယ်တင်ဖို့၊ လူ့အသိုင်းအဝိုင်းတွေကို ကယ်တင်ဖို့နဲ့ ထိခိုက်မှုအများဆုံး ကပ်ရောဂါပြဿနာကို ဖြေရှင်းဖို့ ယူနီဆက်ဖ်အနေနဲ့ သမိုင်းဝင် ကြိုးပမ်းမှုရဲ့ ရှေ့တန်းက ပါဝင်ရတာကို ဂုဏ်ယူပါတယ်” လို့ ပြောပါတယ်။ 

ယူနီဆက်ဖ်ရဲ့ ကိုဗစ်ကာကွယ်ဆေး ဖြန့်ဝေရေးဟာ နိုင်ငံပေါင်း ၁၇၀ ကို ရောက်ရှိမှာဖြစ်ပြီး ၂၀၂၁ အကုန်မှာ ကာကွယ်ဆေးလုံးရေ ၂ ဘီလီယံကျော် ဖြန့်ဝေသွားမယ်လို့လည်း သိရပါတယ်။

ဆင်းရဲ ချမ်းသာ မရွေး ကိုဗစ်ကာကွယ်ဆေး မျှမျှတတ ဖြန့်ဝေဖို့ ရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ COVAX အစီအစဉ်ထဲကို အခုဆိုရင် နိုင်ငံပေါင်း ၁၈၄ နိုင်ငံ ပါဝင်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ချုပ် ဒေါက်တာတက်ဒရိုက အောက်တိုဘာ ၁၉ ရက်မှာ ပြောပါတယ်။ 

COVAX အစီအစဉ်အရ ဆင်းရဲတဲ့နိုင်ငံတွေဟာ ၂၀၂၁ နှစ်ကုန်အထိ ကိုဗစ်ကာကွယ်ဆေးကို စရိတ်သက်သက်သာသာနဲ့ ဒါမှမဟုတ် စရိတ်စကမပေးရဘဲ ရရှိမယ်လို့ ရိုက်တာအရ သိရပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular