မြစ်ကြီးနားတွင် ဒီဇင်ဘာလအထိ ညမထွက်ရအမိန့် ထုတ်ပြန်
DVB
·
October 20, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ များပြားလာတဲ့အတွက်ကြောင့် အောက်တိုဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ၂ လတိတိ ညမထွက်ရအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သက်တမ်းတိုး ထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ကျန်းမာရေးနဲ့ နာရေးကိစ္စဆောင်ရွက် သူတွေကလွဲပြီး ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း မြစ်ကြီးနားမြို့နယ်အတွင်း နေအိမ်ပြင်ပကို ထွက်ခွာတာ၊ စုဝေးတာတွေ မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။
ပထမကို ဗစ်ကာလ ဧပြီလကနေ စက်တင်ဘာလအထိ ညမထွက်ရအမိန့် ဖောက်ဖျက်တဲ့သူ ၁၈၆ ယောက်ကို အရေးယူထားပြီး အခုစစ်ဆေးတွေ့ရှိလို့ စည်းကမ်း မလိုက်နာခဲ့ရင်လည်း အရေးယူသွားမှာဖြစ်ပါတယ်လို့ မြစ်ကြီးနားမြို့နယ် ရဲမှူးမြင့်မိုးက ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက် အထိစာရင်းအရ မြစ်ကြီးနားမြို့မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၄ ယောက်ရှိပါတယ်။
သတင်း - မီးမီး