ပဲခူးတိုင်းတွင် မင်းလှက လူနာ ၄၀ အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၉၆ ဦး တွေ့ရှိ
DVB
·
October 19, 2020
ပဲခူးတိုင်းမှာ မင်းလှမြို့နယ် လူနာ ၄၀ အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၆ ဦး တွေ့ရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနရဲ့ အောက်တိုဘာ ၁၉ ရက်နေ့မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။
အတည်ပြုလူနာတွေကတော့ ပဲခူးမြို့က ၂၆ ဦး၊ ညောင်လေးပင် ၁၇ ဦး၊ ကဝ ၁ ဦး၊ ဖြူး ၁၁ ဦး၊ ပေါင်းတည် ၁ ဦး၊ မင်းလှ အယောက် ၄၀၊ စုစုပေါင် ၉၆ ဦး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အတည်ပြုလူနာအများဆုံး တွေ့ရှိတဲ့ မင်းလှမြို့နယ်မှာတော့ ဓာတ်ခွဲနမူနာ ၂၅၀ ခု ပေးပို့စစ်ဆေးရာမှ အယောက် ၄၀ ပိုးတွေ့ရှိခဲ့တာလို့ မင်းလှကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
မင်းလှဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက “ပိုးတွေ့လူနာ အားလုံးဟာ ရန်ကုန်က ပြန်တွေဖြစ်ပြီး ခုလို လူနာတွေတိုးလာလို့ ဆေးရုံမှာ ထားဖို့ နေရာအခက်အခဲတွေရှိတဲ့အတွက် အသစ်ထပ်ပြီး တိုးချဲ့ထားတဲ့ အိုးအိမ်ဝန်ထမ်းအိမ်ရာသစ်မှာ တဝက်လောက် ထားရှိ ကုသပေးသွားမယ်” လို့ ပြောပါတယ်။
မင်းလှမြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်ကနေ ၁၉ ရက်နေ့ထိ ၇ ရက်အတွင်း အတည်ပြုလူနာ ၇၉ ဦထိ တိုးလာခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း ၁၀၅ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၃၈ ဦး ရှိပြီလို့ သိရပါတယ်။
သက်နိုင်ဝင်း(CJ)