A d v e r t i s e m e n t With Us

ဧရာဝတီတိုင်း မြို့နယ် ၃ ခုက အန်အယ်လ်ဒီပါတီဝန်းရံသူများ ပူးပေါင်းအင်အားပြ

ဧရာဝတီတိုင်းမှာ အောက်တိုဘာ ၁၈ ရက်နေ့က မြို့နယ် ၃ ခုက အန်အယ်လ်ဒီပါတီ ထောက်ခံဝန်းရသူတွေ စုပေါင်းပြီး အင်အားပြ လှည့်လည်ခဲ့ကြပါတယ်။  အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူတွေ ပူးပေါင်းပြီး စီတန်းလှည့်လည်အင်းအားပြခဲ့ကြတာပါ။ ဟင်္ဟာတ​-ဆုံကုန်း-မြန်အောင်-ကြံခင်းအဝေးပြေးလမ်းမပေါ်နဲ့ ပုသိမ်-မုံရွာ လမ်းမပေါ်တွေမှာ လှည့်လည်အင်းအားပြခဲ့ကြတာလို့ သိရပါတယ်။ အင်္ဂပူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် အလုပ်အမှုဆောင် ဦးဝင်းလှိုင်က "ဟုတ်တယ်၊ သုံးမြို့နယ်ဆုံသွားတာပေါ့။ လူဦးရေကတော့ များတယ်။ အတိအကျတော့ မသိနိုင်ဘူး။” လို့ ပြောါပတယ်။ မြန်အောင်မြို့နယ် ကညင်ငူကျေးရွာ သံလမ်းကွေ့မှာ အင်အားပြပွဲ  ပါဝင်သူ သုံးဦးစီးလာတဲ့ ဆိုင်ကယ်တိမ်းမှောက်ခဲ့ပြီး ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့တာကြောင့် ဟင်္သာတပြည်သူဆေးရုံ တင်ပို့ခဲ့ရတယ်လို့ သိရပါတယ်။ သတင်း - သန်းထိုက်မြင့်

A d v e r t i s e m e n t With Us

More News
Up