Email This Story :
ဝမ်ဘစ်ဆာကာဆီမှာ ဂိုးသွင်းယူနိုင်လောက်တဲ့ ကန်ချက်မျိုး ရှိမယ်မထင်ခဲ့ဘူးလို့ အသင်းဖော် ဘရူနိုဖာနန်ဒက်စ်က ချီးကျူးလိုက်ပါတယ်။
ညာနောက်ခံလူ ဝမ်ဘစ်ဆာကာဟာ ခံစစ်ပိုင်းနဲ့ပတ်သက်လို့ ချီးကျူးခံရတာတွေ ရှိပေမဲ့ တိုက်စစ်လိုက်ပါမှုအပိုင်းနဲ့ ဂိုးသွင်းယူမှုမှာတော့ ထင်သလောက် မကောင်းဘဲ ဖြစ်နေတာပါ။
နယူးကာဆယ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာတော့ ဝမ်ဘစ်ဆာကာက တတိယမြောက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဘစ်ဆာကာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အပေါ်မှာ ပျော်ရွှင်မိပြီး အရည်အချင်းကောင်းတွေရှိတဲ့ ဘစ်ဆာကာအနေနဲ့ အဲဒီလိုဂိုးတွေနဲ့ ထိုက်တန်မှုရှိတယ်လို့လည်း ဖာနန်ဒက်စ်က ချီးကျူးပါတယ်။