လီဗာပူးနောက်ခံလူ ဗန်ဒိုက် ဒဏ်ရာကြောင့် ကာလကြာရှည် အနားယူရဖွယ်ရှိ

231
လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာ ဒူးဒဏ်ရာ ခွဲစိတ်ကုသရမှာဖြစ်လို့ ကာလကြာရှည် အနားယူရဖို့ ရှိတယ်လို့ သိရပါတယ်။
အဲဗာတန်အသင်းနဲ့ ၂ ဂိုး စီသရေကျတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးသမား ပစ်ဖို့ဒ်က ဗန်ဒိုက်ရဲ့ ဒူးကို ခြေစုံပစ်ဝင်ပြီး ဖျက်ထုတ်ခဲ့တာဖြစ်ပါတယ်။
ချက်ချင်း လူစားလဲခဲ့ရတဲ့ ဗန်ဒိုက်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် ခွဲစိတ်ကုသရမှာဖြစ်ပြီး ၇ လ ကနေ ၈ လ အထိ အနားယူရနိုင်တယ်လို့ သိရပါတယ်။
လီဗာပူးနည်းပြ ကလော့ပ်ကိုယ်တိုင်ကလည်း ဗန်ဒိုက်ရဲ့ ဒဏ်ရာက ပြင်းထန်ကြောင်း အတည်ပြုခဲ့ပြီး ခွဲစိတ်ကုသရမယ်လို့ ပြောပါတယ်။