ပဲခူးတိုင်းတွင် မင်းလှက လူနာ ၂၀ အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၆၃ ဦး တွေ့ရှိ
DVB
·
October 18, 2020
ပဲခူးတိုင်းမှာ မင်းလှမြို့နယ်က လူနာ ၂၀ အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၆၃ ဦးတွေ့ရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနရဲ့ အောက်တိုဘာ ၁၇ ရက်နေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။
အတည်ပြုလူနာတွေကတော့ ပဲခူးမြို့က ၁၃ ဦး၊ ဝေါက ၁၅ ဦး၊ ညောင်လေးပင် ၇ ဦး၊ ရွှေတောင် ၁ ဦး၊ မင်းလှ အယောက် ၂၀၊ အုပ်ဖို့က ၁ ဦး၊ ကြို့ပင်ကောက်က ၅ ဦး စုစုပေါင်း ၆၃ ဦး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အတည်ပြုလူနာအများဆုံး တွေ့ရှိတဲ့ မင်းလှမြို့နယ်မှာတော့ ဓာတ်ခွဲနမူနာ ၁၈၆ ခု ပေးပို့စစ်ဆေးရာမှ အယောက် ၂၀ ပိုးတွေ့ရှိခဲ့တာလို့ မင်းလှဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။
ပိုးတွေ့လူနာ အားလုံးဟာ ရန်ကုန်ကပြန်လာပြီးနောက် Quarantine ထားရှိထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့ညထိ မင်းလှမြို့နယ်မှာ အတည်ပြုလူနာ ၆၄ ဦးထိရှိလာပြီး ၂၂ ဦး ဆေးရုံဆင်းခွင့်ရရှိသွားပြီလို့ သိရပါတယ်။
ပဲခူးတိုင်းမှာ အောက်တိုဘာ ၁၇ ရက်နေ့အထိ Facility Quarantine စင်တာ ၇၀၄ ခုမှာ စုစုပေါင်း လူဦးရေ ၈၇၇၁ ဦးရှိပြီး သံသယလူနာ ၇၂ ဦးနဲ့ ရောဂါပိုးတွေ့ရှိသူ ၇၁၀ ဦး ဆေးကုသမှု ခံယူနေတယ်လို့ တိုင်းအစိုးရရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သက်နိုင်ဝင်း(CJ)